လက်သည်းကို တတိတိကိုက်ကာအခန်းထဲပတ်လျောက်ရင်း အကြံအကုန်ထုတ်နေတဲ့ရိပေါ်။ဟုတ်တယ်လေ အခု မင်္ဂလာဦးဖို့လာတဲ့ ဖြစ်နိုင်ချေက ၈၀ ရာခိုင်နှုန်းလောက် ရှိနေတော့ သူ့ဟာတွေအကုန်ပေါ်ကုန်မှာ။
(လိမ်ထားတာ တွေလို့ပြောပါဟယ် 🤣🤣 )' စဉ်းစားစမ်း ရိပေါ် ၊ စဉ်းစားစမ်း ဒီနေ့ဒီတောင်ကိုကျော်နိုင်မှဖြစ်မှာ။'
ခြေသံကြားလို့ တွေ့ရာ နေရာမှာ အမြန်ထိုင်ချလိုက်တယ်။ ကံတရားက သူ့ဖက်မှာရှိပုံမပေါ်ဘူး ထိုင်မိလိုက်တာက ကုတင်ပေါ်။ပြန်ထဖို့ကလည်းမမှီတော့။
" ကြင်ယာတော် ဒီနေ့နန်းတွင်းထဲသွားရတာအဆင်ပြေရဲ့လား။ "
အပြုံးလေးနဲ့ သူ့ဘေးကိုလာထိုင်တဲ့ရီလင်ဝမ်။အရမ်းကပ်လွန်းတယ်။ ရိပေါ်ဟိုဘက်ဘေးကိုမသိမသာလေးတိုးမိတယ်။ရယ်သံတိုးတိုးလေးကြားမိပေမဲ့ လှည့်တော့မကြည့်မိဘူး။စိတ်မခိုင်မှာစိုးလို့။
"အဆင်ပြေပါတယ် ဝမ်ရယ်။ "
" အင်း . . . ကိုယ်တို့က လက်ထပ်ပြီးပြီဆိုတော့ အခေါ်အဝေါ် လေးတွေပြောင်းကြည့်ရင်ကောင်းမလား။ရူရှင်း လို့ခေါ်ရမလား။"
ရိပေါ်မသိလိုက်ခင်မှာပဲ နှုတ်ခမ်းကတစ်တောင်လောက်ဆူထွက်လာတယ်။ ဒါသူ့နာမည်မှမဟုတ်တာ ဝမ်းသာစရာလား။
" ဒါမှ မဟုတ်အခြားနာမည်တစ်ခုနဲ့ခေါ်ရမလား။"
သူ့ကိုမေးလိုက်တဲ့ ရီလင်ဝမ်ရဲ့ အသံကနည်းနည်းထူးဆန်းသလိုပဲ။ ကြည့်လိုက်တော့လည်းအပြုံးမပျက် ၊ စိတ်ထင်တာများလား. . . ။ ဒါ့ထက် နာမည်. . .
*ဘယ်လိုခေါ်ခိုင်းရင်ကောင်းမလဲ။ နာမည်အရင်းကမရလောက်ဘူး ဒီဇာတ်ကောင်နာမည်ကျတော့လည်း &%$%%&*%%" . . . . *
အန္တရယ်က ကုတင်ပေါ်ထိရောက်နေတာမေ့ပြီး နာမည်စဉ်းစားနေတဲ့ ဝမ်ရိပေါ်ပါ။
* ဟုတ်ပြီ *
"ငယ်လေး . . . ငယ်လေးလို့ခေါ်။ "
* ငယ်တစ်လုံးထဲဆိုရင် ငါ့အတွက် မိန်းမနည်းနည်းဆန်တယ်။သည်းငယ်ကျတော့ ခေတ်ကာလနဲ့ကမလိုက်။ကျန့်ကောကလည်း ခေါ်နေကျဆိုတော့. . . . ဒါပဲကောင်းပါတယ်။
( သည်းငယ်လို့ခေါ်ခိုင်းလိုက်ပြီးရော ခုတော့မသိရင်ညီလေးကိုခေါ်တာကျလို့ မ ro တတ်တာ လူသိတယ် 😕😕) *
CZYTASZ
Being in novel is not easy 🤧[Completed]
FanfictionFirst story of mine . (Book 1 + Book 2) This is a Fan Fiction.It has nothing to do with actors in real life or novel. WARNING This story contain crossdressing.If you don't like it, you can leave here. Starting date : 19 Jan 2020 Ending date :