(41)

1.3K 145 8
                                    

ရီလင်ဝမ်က ဗျပ်စောင်းကိုစိုက်ကြည့်နေတဲ့ သူ့ရဲ့ငယ်လေးကိုစိတ်ပူနေတယ်။ငယ်လေးကသွေးပူနေတုန်း ဆုံးဖြတ်လိုက်ပေမဲ့ လန်သခင်လေး အစစ်မဟုတ်တဲ့အတွက် ဗျပ်စောင်းတီးနိုင်မယ်လို့မထင်ဘူး။ပြီးတော့တီးနိုင်ရင်တောင် သူမဟုတ်တဲ့ အခြားသူတွေကို ပေးနားထောင်စရာ အကြောင်းမှမရှိတာ။တစ်ခုခုပြောဖို့ကြံရွယ်နေတုန်းမှာပဲ ဗျပ်စောင်းသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ဒီတစ်ခေါက်တော့သူအံ့သြသွားရပြီ. . . . . . .

ကြင်ယာတော်လန်က ခဏတာ ဝေးကွာနေတဲ့ ချစ်သူကို သူရောက်နေတဲ့နေရာရဲ့အလှတရားနဲ့ ချစ်သူကိုလွမ်းဆွတ်သတိရနေကြောင်းရေးဖွဲ့ထားတဲ့တေးတစ်ပုဒ်ကိုတီးခတ်နေတယ်။နားထောင်သူတွေကို သဘာဝရူခင်းတွေကြား ခေါ်ဆောင်ပေးနိုင်ပြီး၊ ချစ်သူအပေါ်ချစ်မြတ်နိုးတဲ့စိတ်ကို ဗျပ်စောင်းသံကတစ်ဆင့်သိရှိနိုင်တဲ့အပြင်၊ ဗျပ်စောင်းပေါ်မှာကခုန်နေတဲ့ လှပတဲ့လက်ချောင်းလေးတွေဆီကလဲအကြည့်မလွှဲနိုင်အောင်ပြုစားနေတယ်။ ဗျပ်စောင်းကိုတီးခတ်နေတဲ့ကြင်ယာတော်ရဲ့ဟန်ဟာ မိန်းကလေးလိုမနွဲ့နှောင်းပေမဲ့ တည်ကြည်ပြီးလေးနက်တဲ့ပုံစံက လူတွေကိုဆွဲဆောင်နေတယ်။ကြင်ယာတော်လန် အတိတ်မေ့နေတယ်ဆိုတာ မြို့တော်မှာမသိတဲ့သူမရှိဘူး။ဒါတောင်ဗျပ်စောင်းကို ဒီလိုတီးခတ်နိုင်တယ်ဆိုတော့. . . . . . .

အမတ်အများစုရဲ့ ကြင်ယာတော်လန်အပေါ်ထားတဲ့အမြင်ကပြောင်းလဲသွားတယ်။ဝေးကွာနေတဲ့ချစ်သူနှစ်ဦးပြန်လည်ဆုံစည်းသွားတဲ့နေရာမှာပဲ တေးသွားလေးဟာနိဂုံးချုပ်သွားတယ်။တီးခတ်လို့ပြီးဆုံးသွားချိန်မှာတော့ မင်းကြီးအပါအဝင် အမတ်တွေက မချီးကျူးပဲမနေနိုင်ဘူး။

" ကိုယ်တော့် ရဲ့တိုင်းပြည်မှာဒီလိုအဖိုးတန်ရတနာတွေ တိမ်မြုပ်နေတာပဲ။ "

" မခံယူဝင့်ပါဘူး။အိမ်ရှေ့စံရဲ့စကားအတိုင်း ပါရမီရှင်တွေက ဦးနှောက်ကမေ့ရင်တောင် ခန္ဓာကိုယ်ကမမေ့ တာနေမှာပါ။ "

' ဘယ်လိုလဲကိုယ်ပြောတဲ့ စကားနဲ့ ကိုယ်ပြန်အရိုက်ခံလိုက်ရတဲ့ အရသာ စပ်ပြီလား။ '

Being in  novel is not easy 🤧[Completed]Kde žijí příběhy. Začni objevovat