(21)

1.6K 165 2
                                    

တစ်နေ့လုံးပျော်နေတဲ့ အပျော်တွေက ဘောလုံးတစ်လုံးကြောင့် ပျက်သွားလိမ့်မယ်လို့ဘယ်သူထင်မှာလဲ။ ကောင်မလေး ချောချောတွေ့တာနဲ့ပဲ ပြူးကြည့်နေရလား။ဟိုကလည်း ရုပ်ချောတာနဲ့ပဲ ဘေးဘီမကြည့်ပဲ ဘောလုံးပစ်ပေးရလား။သူ့လက်မြန်လို့ပေါ့ ၊ basket ball အသင်းဝင်သည် အချဉ်မဟုတ်။

သူ့မှာစိတ်တိုလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး။ဒါတောင်ရှန့်ရှန့်ရဲ့ အူလည်လည်ရုပ်လေးက သူ့ကိုပို ဒေါသထွက်စေသည်။စိတ်ဆိုးဆိုးနဲ့ထွက်သွားတော့နောက်ကလိုက်မလာ။တင်းပြီလေ။စိတ်ပေါက်ပေါက်တဲ့လျောက်သွားရင်း ရေကန်နား ငုတ်တုပ်ထိုင်က ဆွေးမိတယ်။

" ဖြန်း ! ! "

" သောက်လုပ်တုတ် !! "

ဘာလဲဟ လူကိုလန့်သွားတာပဲ။ ရင်ဘက်လေးအသာဖိကာအသံလာရာကိုကြည့်လိုက်တော့။ဆူဆူဆောင့်ဆောင်ထွက်သွားသောမိန်းကလေး။ပါးကလေးတစ်ဖက်အုပ်ကာ ကျန်ခဲ့သော ယောက်ျားလေး။ဘာဖြစ်သွားလဲဆိုတာ ဗေဒင်တောင်မေးစရာမလိုဘူး။သကောင့်သားကလဲ ဘယ်သူ့ယောက်ျားနဲ့သွားတူနေလဲမသိဘူး ကောင်မလေးနောက်ကိုမလိုက်ပဲ အပေါ်က လ ကိုငေးနေတာ။

ငှက်ပျောတိုင်ဖက်သေရမယ့် ကောင်။

ကြည့်ရင်းကြည့်ရင်း နှင့် အမှောင်ထဲအသားကျလာသောအခါ။ ဒီ. . . ဒီအခွက် . . . ခွေးဆွဲပြီးကျီးထိုးတောင် မမေ့နိုင်တဲ့ ဒီအခွက်။ဘယ်လိုမှမှားစရာမရှိ ။

ဝမ်.ဟောက်. ရွှမ်း။

အမယ်လေး တစ်သက်နဲ့တစ်ကို အဲ့ဒိအခွက်ကိုမြင်ပြီး ဝမ်းသာရမယ်လို့ထင်မထားတာ။

ဘယ်လိုပြောရမလဲ လမ်းဘေးခွေးတွေကိုယ့်ကိုဝိုင်းဟောင်နေတဲ့အချိန်မှာ အဝေးကပြေးလာတဲ့ ကိုယ့်အိမ်ကခွေးလေးကိုတွေ့လိုက်သလိုမျိုး။

တွေ့ရတာဝမ်းသာလွန်းလို့အပြေးလေးသွားရင်း ရင်ထဲကစကားသံတွေတောင်ပွင့်ထွက်လာတယ်။

" ဟေ့ကောင် ခွေးသဒေါင်းစား၊ ဖလူးမသား၊ ကြက်လအုနင်ပြီးဘဝအဆက်ဆက်ခွက်ဆွဲရမဲ့ မအေဘေးလေး၊ဘောပဲ!! "

" ဗွမ်း!!!!! "

ပါးစပ်ကထက်သလိုခြေထောက်ကလည်းသွက်သည်။ ရှေ့ကရေကန်ထဲကိုပိတ်ကန်ပစ်တာ။ ဒါတောင် မေ*ဘေးက ကံကောင်းတော့ ရေတိမ်ထဲကျသွားသေးတယ်။တစ်ခါတည်း ရေတိမ်ပါနစ်လိုက်အေးရော။ (အဲ့ဒါကဒီလိုအချိန်မှာသုံးရတာမဟုတ်ဘူး ပေါ်ပေါ် 😷😷 )

Being in  novel is not easy 🤧[Completed]Where stories live. Discover now