(7)

2.3K 192 4
                                    

မိန်မိန်တစ်ယောက် ရေကန်နားက ဥယျာဉ်လေးမှာ ခြေတစ်ဖက်ကို ခုံပေါ်တင်၊ ဒူးထောင်ထားပြီး ခြေထောက်ပေါ် လက်တင်ကာ ခေါင်းထောက်ထားတဲ့ ကို့ယို့ကားယားကြီးထိုင် နေတဲ့ လန်သခင်ကို ရင်တမမ နဲ့ကြည့်နေရတယ်။ မတော်လို့များ တစ်ယောက်ယောက်တွေ့သွားရင်. . . . ။

ဒါပေမဲ့ မိန်မိန် ဘာမှမပြောရဲဘူး။ မနက်နိုးလာကတည်းက ငူတူတူ ငိုင်တိုင်တိုင် နဲ့ တစ်ချက်တစ်ချက် ငှက်ပျောသီးဆို တဲ့ အသံလေးကြားရလို့ ငှက်ပျောသီးစားချင်လို့လားလို့မေးမိတာကို လူကိုမျက်ထောင့်နီကြီးနဲကြည့်ပြီး အံကြိတ်ထားတဲ့ အသံကြီးနဲ့ အဲ့ဒိ့ အသီးအကြောင်း လာမပြောနဲ့ ဆိုလို့ တကယ် ဘာမှကိုပြန်မပြောရဲတော့တာ။

အင်္ကျီကို မဝတ်ချင်ဝတ်ချင်နဲ့ ဝတ်ပြီး အလှပြင်ပေးပြီး မှန်ကြည့်တော့ မှန်ကိုပေါက်ထွက်လု မတက် အသည်းအသန် ကြည့်ပြန်ရော။ အခုလည်း လေကောင်းလေသန့် ရှူချင်တယ်ဆိုလို့ ဒီကိုခေါ်လာပါတယ်။မျက်နှာက အကြွေးတောင်းတာပြန်မရလို့ဖြစ်နေတဲ့ရုပ်နဲ့ ပန်းသီးကို ရန်သူလို တဂွပ်ဂွပ် ကိုက်ရင်း အတွေးလွန်နေတဲ့ပုံက အရင်က လန်သခင်လေး နဲ့လားလားမှ မဆိုင်။ အရင်က လန်သခင်လေးက အရမ်းယဉ်ကျေးသိမ်မွေ့ တာ ခုတော့ အတိတ်မေ့ပြီးလူက အခြားတစ်ယောက်လိုပြောင်းသွားတာ။အခုလည်းဘာတွေ တွေးနေပြန်တာလည်းမသိဘူး။

တစ်ဖက်မှာလည်း ဝမ်ရိပေါ် တစ်ယောက် အတွေးတွေက ကယောက်ကယက်။ ဒီကိုရောက်လာရတဲ့ တရားခံ ကိုသိပြီးကတည်း ကအဲ့ ငှက်ပျောသီးကောင်ကို တစ်မျိုးလုံးစုံအောင်ပတ် ဆဲနေတာ။ ဒါကိုအလိုက်ကန်းဆိုးမသိ ငှက်ပျောသီးစားချင်လို့လား လို့အမေးခံရတော့ပေါက်ကွဲပြီလေ။ အားလုံးပြင်ဆင်ပြီး မှန်ကြည့်တော့ အမယ်လေးေ*ာက်ချောကြီး။ သူများတွေသူ့ကို မိန်းကလေးလို့ ထင်တာမပြောနဲ့ သူကိုယ်တိုင်သူ့ကိုယ်သူ ကြွေချင်နေတာ။
(ဟဲ့ဟဲ့ စိတ်ထိန်း😂😂)

သူနဲ့ အခု လန်သခင်လေးနဲ့ က အသက်နဲ့ ခန္နာကိုယ်အချိုးအစားလေးပဲနည်းနည်းကွာတာ။ ဒါတောင် နည်းနည်းလေးပြင်လိုက်တာနဲ့ အခုခေတ်က မော်ဒယ် တော်တော်များများ ထိုင်ငိုသွားလောက်တယ်။အဲ့ဒါကြောင့် ချင်ကျဲကပြောတာနေမှာ သူသာမိန်းကလေးဆိုရင် တော်တော်ချောမှာ ဆိုပြီး။
(ကိုယ့်ကိုယ်ကို အမွှန်းတင်နေသေးတယ် 😒😒)

Being in  novel is not easy 🤧[Completed]Where stories live. Discover now