(8)

2.1K 181 0
                                    

စာအုပ်လေးချပြီးဂါရဝပြုဖို့လုပ်တော့ ရီလင်ဝမ်ကမလိုကြောင်းအမူအရာနဲ့ ပြတယ်။သူ့ဘေးမှာက ကိုယ်ရံတော် တစ်ဖြစ်လဲ ငယ်သူငယ်ချင်း ကျန်းချန်။ရီလင်ဝမ်က သူ့ဘေးကထိုင်ခုံမှာဝင်ထိုင်ရင်း

" နေလို့ကောင်းရဲ့ လား ကြင်ယာတော်လန် "

" ဟုတ်ကဲ့ အခုအများကြီးသက်သာသွားပါပြီ။"
ရိပေါ်က ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်။ အထင်မသေးနဲ့ အနုပညာ ကျောင်းတက်နေတာ။ ဒီလောက်ကတော့အေးဆေး။

"ကြင်ယာတော်လန် သာ အဆင်ပြေရင် . . ."

ရိပေါ်သိတာပေါ့ နန်းတွင်းသွားဖို့ စကားစနေတာ။ ဝတ္ထု ထဲမှာ လက်ထပ်ပြီးနောက်တစ်နေ့ ဇာတ်လိုက်မင်းသမီးကို လည်းသွားဖို့ ပြောတာ ။ သူရေးထားတာပဲ ၊သိတာပေါ့။အခုအဲ့ဒါတွေထက် ရိပေါ်စိတ်ဝင်စားနေတာက ရီလင်ဝမ်ရဲ့ မျက်လုံး ၊ဖြောင့်တန်းနေတဲ့ နှာခေါင်း ၊ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း ၊ ပြီးတော့ နှုတ်ခမ်းဘေးက မှဲ့ လေး. . . .
( အခွင့်အရေး ရတုန်းငမ်းနေတာ 😒😒)

ရိပေါ်ရဲ့ အကြည့်ကတဖြည်းဖြည်း အောက်ဆင်းရင်း စားပွဲပေါ် တင်ထားတဲ့ သွေးကြောစိမ်းလေးတွေထင်းနေတဲ့ လက်သွယ်သွယ်လေးတွေဆီမှာရပ်သွားတယ်။

' အသက် ၂၁ နှစ်ရှိတဲ့ ကျန့်ကောမှာရော ဒီလို လက်သွယ်သွယ်လေးတွေရှိမှာလား ။'

မဆီမဆိုင်ဝင်လာတဲ့ အတွေးလေးကြောင့် ရိပေါ် နှုတ်ခမ်းမှာအပြုံးသေးသေးလေးပေါ်လာတယ်။ သတိမထားမိခင်မှာပဲ ရိပေါ်ရဲ့ ဖြူဖြူသေးသေး လက်ကလေးက စားပွဲပေါ်က အညိုရောင်သန်းတဲ့ လက်သွယ်သွယ်ဘေးကို မထိတထိ သွားစတယ်။
( ပျားအုံကို ဒုတ်နဲ့ထိုးနေတာ 😶😶)။

ရိပေါ် နဲ့ယှဉ်လိုက်ရင် ရီလင်ဝမ် ကအသားညိုတယ်။ ဒါပေမဲ့ ရိပေါ်ရဲ့လက် ထက်ပိုကြီးတယ်။ရိပေါ် နှာခေါင်းရှုံ မိသွားတယ်။ ဒါက သူမကျေနပ်ရင်လုပ်နေကြ အပြုအမူလေး။စားပွဲပေါ် ကလက်ကလေး ဇပ်ကနဲ တုန်သွားမှ ရိပေါ် သတိဝင် လာပြီး မထိတထိသွားစနေတဲ့ လက်ကိုရုပ်မိတယ်။ ပြီးတော့ ဟီး ဆိုရယ်ပြလိုက်တယ်။

"ကိုယ်တော့် လက်ကဘာဖြစ်လို့လဲ ကြင်ယာတော်"

ရီလင်ဝမ် အပြုံးလေးနဲ့မေးတော့ ရိပေါ် ပြောဖို့စာစီထားတဲ့ စကားတွေအကုန် လေထဲလွင့်သွားတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now