(2)

4.8K 263 0
                                    

"သခင်မလေး သခင်မလေး နိုးလာပြီလား"

ပြူးနေတဲ့မျက်လုံးကိုအလုပ်ပေးလိုက်တော့ ကုတင်ဘေးမှာ အခုမှနိုးလာဟန်ရတဲ့ ရှေးခေတ်အဝတ်အစားနဲ့ ကောင်မလေးတစ်ယောက်။သူဟာသူဘာဝတ်ဝတ် အခု ရိပေါ်ခေါင်းထဲ ဝင်လာတာက။

' တ. . တဆိတ်လောက် သူ့ကို အခု ဘယ်လိုခ်ါလိုက်တာ။ '

"သ. ခင်.မ.လေး . . . သခင်လေး မဟုတ်ဘူးလား"

" ရှူး. . . " ကောင်မလေးက အလန့်တကြား သူ့ ပါးစပ်ကို လက်နဲ့လာအုပ်ပြီး ကျန်တဲ့ လက်ကလက်ညှိးကိုပါးစပ်ပေါ် တင်ကာတိုးတိုး ဆိုတဲ့ အမူအရာလုပ်ပြတယ်။

"သခင်လေးအကျယ်ကြီးမပြောနဲ့ လေတော်ကြာ တစ်ယောက်ယောက်ကြားသွားမှဖြင့်"

ရိပေါ် မျက်မှောင်ကြုတ်ရင်း ကောင်မလေးရဲ့ လက်ကိုရိုက်ချလိုက်တယ်။ သူ့ကိုသူများတွေ လာထိတာမကြိုက်ဘူး ယောင်္ကျားလေးဖြစ်ဖြစ်ေ၊ မိန်းကလေးဖြစ်ဖြစ်။အခုမှသေချာကြည့်မိတယ် သူ့ရင်ဘက်က အတုတွေပဲ။

' ဟူး . . တော်သေးတာပေါ့။ ' (😂😂)

"မင်းဘယ်သူလဲ"

သူ့ရဲ့ စကားအဆုံးမှာပဲ ကောင်မလေးကမယုံနိုင်တဲ့အ
ကြည့်နဲ့ သူ့ကိုပြူးကြည့်တယ်။ ပြူးရင်းပြူးရင်း အာ
ပြဲကြီးနဲ့ ထငိုပါလေရော။

"အ ဟင့်ဟင့် ဗြဲ အဖြစ်ဆိုးလှချည်လား သခင်လေး အဲ သခင်မလေးရယ် သေဘေးကနေသီးသီးလေးလွတ်လာပေမဲ့ ဒီက မိန်မိန် ကိုတောင်မမှတ်မိတော့ဘူးတဲ့ ဗြဲ . . "

' အော် သူ့ ဘေးမှာ Vocal အားကောင်းကောင်း နဲ့ လာငိုနေတာသူကိုး ။ နားကို လက်နှစ်ဖက်နဲ့ပိတ်ထားတာတောင် မခံနိုင်ဘူး။ ခုနက သူ့ ကို တိုးတိုးပြောခိုင်းတာဘယ်သူပါလိမ့်။ '

" တော်ပြီ တိတ်တော့ !!" ပိတ်ဟောက်လိုက်မှပဲ အငိုတိတ်တော့တယ်။
(ဖြည်းဖြည်း လုပ်ပါဟယ် မိန်းကလေးကို 😕😕)

ဒါတောင် မျက်လုံးကပြူးပြီးကြည့်နေတုန်း။

' တော်တော်ပြူးနိုင်တဲ့မျက်လုံး။ '

" ငိုနေမဲ့ အစား ငါကဘယ်သူလဲ ဘာလို့ အခုလိုပြင်ထားတာလဲ ဆိုတာပြောပြလေ။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now