(45)

1.4K 142 5
                                    

ရီလင်ဝမ်ရဲ့ မင်္ဂလာပွဲသာပြီးသွားတယ်၊ ဟိုနေရာသွားလည်း ကြင်ယာတော်ရဲ့ဝတ်ရုံ၊ဒီနေရာသွားလဲ ကြင်ယာတော်ရဲ့ဝတ်ရုံနဲ့ ကြင်ယာတော်ရဲ့ဝတ်ရုံကဘာများထူးခြားနေလို့လဲ။ မင်္ဂလာပွဲမှာ မင်္ဂလာဝတ်ရုံဝတ်တာ ထူးဆန်းလို့လား. . . ဟင့်အင်း။သတို့သမီးဝတ်ရုံကို အမျိုးသားဝတ်ပြောင်းထားပေမဲ့ လိုက်ဖက်နေတာ ထူးဆန်း လို့လား. . . . . ဟင့်အင်း။ ဒါဆို ဘာကထူးဆန်းနေလို့ လူတိုင်းပြောနေကြတာလဲ. . . . . . ။အဖြေကတော့ ကြင်ယာတော်ရဲ့ မင်္ဂလာဝတ်ရုံမှာထိုးထားတဲ့ တစ်ပွင့်တည်းသော magnolia ပန်းကြောင့်ပဲ. . . . . .

မင်္ဂလာဝတ်ရုံမှာ ပန်းထိုးတာ ဘာထူးဆန်းလို့လဲ။ဟုတ်ပါတယ် အခြားပန်းတွေထိုးတာဆိုရင် ဘာမှမထူးဆန်းပေမဲ့ Magnolia ပန်းကို. . ပြီးတော့ တော်ဝင်မိသားစုက မင်္ဂလာဝတ်ရုံမှာသုံးတယ်ဆိုရင်တော့ ဒါကတော်တော်လေးနက်သွားပြီ။

Magnolia ပန်းဟာ ချင်နိုင်ငံရဲ့နိုင်ငံကိုယ်စားပြုပန်းဖြစ်တဲ့အလျှောက် နိုင်ငံရဲ့ဘယ်နေရာမဆို Magnolia ပန်းပင်တွေကိုတွေ့နိုင်ပါတယ်။ဒါပေမဲ့ တော်ရုံဘယ်သူမှ မပန်နိုင်ပါဘူး ၊ အထူးသဖြင့် တစ်ပွင့်တည်းသော Magnolia ပန်းဆိုရင်ပေါ့။ဘာကြောင့်လည်းဆိုတော့ သူ့မှာရာဇဝင်ရှိပါတယ်၊ အဲ့ရာဇဝင်ကြောင့်ပဲ သူကနိုင်ငံကိုယ်စားပြုပန်းဖြစ်လာတာပါ။သူ့ရဲ့ရာဇဝင်ကတော့. . . . . .

ချင်နိုင်ငံကိုစတင်တည်ထောင်သူ ပထမမင်းဆက်ဟာစစ်သာကြီးတစ်ဦးပါ။မင်းအဖြစ်မခံယူခင် မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေတွေကြောင့် သူ့သက်တမ်းတစ်ဝက်လောက်ကို စစ်မြေပြင်မှာ ကုန်ဆုံးခဲ့ရပါတယ်။သူချစ်မြတ်နိုးသူကလည်း မိန်းကလေးပေမဲ့ ခေသူမဟုတ်ပဲစစ်သူကြီးနဲ့ အတူရင်ပေါင်တန်းကာ စစ်တိုက်နိုင်သူပါ။ဘယ်နေ့သေမယ်မှန်းမသိတဲ့ စစ်မြေပြင်မှာ သူ့ကိုသာယုံကြည်ပြီး တိုက်ပွဲဝင်နေတဲ့ ချစ်ရသူကို ဘာမှလုပ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ စစ်သူကြီးက တစ်နေ့မှာ လောင်ကျွမ်းနေတဲ့ပြာပုံကြားက ထူးထူးခြားခြား မလောင်ပဲကျန်နေတဲ့ နာမည်မသိ တစ်ပွင့်တည်းသော ပန်းကို ချစ်သက်သေအဖြစ်ထားကာ ကဗျာတွေစာတွေမဖွဲ့ပဲ တစ်သက်မှာသူမတစ်ယောက်ကိုသာ ချစ်မြတ်နိုးပါမယ်ဆိုပြီး မသေမသပ်၊ဖယိုဖရဲနဲ့ သူ့ရဲ့ချစ်ရသူကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ သူ့ရဲ့ချစ်ရသူကလဲ ထိုပန်းလေးကိုခေါင်းမှာပန်ဆင်ပြီး လက်ခံခဲ့တယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now