(35)

1.4K 150 6
                                    

ရီလင်ဝမ်က သူ့ရဲ့ငယ်လေး ကိုမြန်မြန်သွားခေါ်ချင်နေပြီး။ အန်းလဲ့မင်းသမီးကိုတောင် အခြားသူလက်ထဲလွှဲခဲ့ပြီ။အန်းလဲ့. . . . . . . . အရင်ဘဝကသူ့အစားမြှားကိုဝင်ခံပြီးသေခဲ့ရတာကြောင့် ပထမ အကြိမ်တုန်းက ဘာမှမလုပ်ပဲ သတိပေးခဲ့တာတောင် အသိမဝင်ပဲ မလုပ်သင့်တာကိုဆက်လုပ်တော့လဲ . . . . ။သူမကတော်ပါတယ် ၊ ပစ္စည်းသက်သေ အကုန်ဖျက်ဆီးလိုက်ပေမယ့် လူသက်သေကတော့သူတို့ကယ်လိုက်နိုင်တယ်။ပစ္စည်းသက်သေ မရှိတာကိုတော့ဖန်တီးလိုက်ရုံပေါ့။သူမ မှဘာမှမပြောနိုင်တော့တာ။စိတ်ချ . နောက်ဆို သူမ မဟုတ်တာတွေမတွေးနိုင်တော့ပါဘူး. . . . . သူကအဲ့လိုဖြစ်တောင်လုပ်ပေးမှာ။တော်ပြီ ဒါတွေမတွေးတော့ဘူး . . ငယ်လေးဆီပဲအမြန်သွားတော့မယ်။

မင်းကြီးရဲ့အမိန့်နဲ့ ရီလင်ဝမ် ကြင်ယာတော်ကို ခေါ်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းကြားကတည်းက အပျော်ကြီးပျော် နေတဲ့သူတွေရှိတယ်။ လန်အိမ်တော်ကလား . . ဟင့်အင်း ၊ မိန်မိန်လား. . . . NO ပါ။ အဖြေမှန်ကတော့ နန်းတွင်းအကျဉ်းထောင်က အမှုထမ်းတွေပါပဲ။ဟုတ်ပါတယ် မှားမဖတ်မိပါဘူး နန်းတွင်းအကျဉ်းထောင်က အမှုထမ်းတွေပါ ။ ဘာလို့ သူတို့လဲဆိုတာကို အကျဉ်းချုံးပြောရရင်တော့. . . . ကြင်ယာတော်လေး ထောင်ထဲမရောက်ခင်တစ်ရက်အလိုကစတယ်။

ကြင်ယာတော်လေး ထောင်ထဲမရောက်ခင်တစ်ရက်အလိုမှာ အကျဉ်းထောင်မှူးဆီ ရီလင်ဝမ် ရောက်လာပြီး အရင်ကအကြောင်းတွေပြောပြီး၊ သူ့ကြင်ယာတော်လေးရဲ့ ချစ်ဖို့ကောင်းပုံတွေ ၊ ကြင်ယာတော်ကိုထိတဲ့သူဆို သေတာထက်ဆိုးတာကို ခံစားရစေမှာတွေကို ကြက်သီးထအောင်ပြောသွားပြီး၊ သေသေချာချာစောင့်ရှောက်ပေးဖို့မှာသွားတယ်။အဲ့တုန်းကတော့ သံတူလိုက်ပြီး ကတိတွေပေးခဲ့ပေမဲ့။နောက်နေ့မှာရောက်ချလာတဲ့ ကြင်ယာတော်လေးကြောင့် ခေါင်းနားပန်းကြီးတော့တာပဲ။

ရောက်ကတည်းက ဖူးဖူးမှုတ်ထားပြီး အကျဉ်းခန်းကိုတောင်သော့မပိတ်ပဲထားပေးသည်။ထိုသည်ကိုပဲကြင်ယာတော်လေးက ဘာမီကျူ ဆိုလား ဘာဘီပြူး ဆိုတာစားချင်တယ်ဆိုပြီး သံပြားတွေဆေး အသားတွေနယ်ပြီးကင်တော့သည်။ ကင်တာလည်းငြိမ်ငြိမ် မကင်၊ ဟိုဘက်ပြေးလိုက် ဒီဘက်လွှားလိုက် နဲ့ နောက်ဆုံးတော့ အောက်က သံကြိုးနဲ့ ခလုတ်တိုက်ချော်လဲပြီးဒူးပြဲပါလေရော။ အကျဉ်းထောင်မှူးခမျှာ ဒူးခေါင်းကသွေးတွေကိုတွေ့တာနဲ့လိပ်ပြာလွှင့်မတတ်ဖြစ်သွားပြီး နန်းတွင်းသမားတော်ကိုအမြန်ပင့်ခိုင်းရတယ်။အမောတကော နဲ့ရောက်လာတဲ့ နန်းတွင်းသမားတော်ကြီးက ဒူးခေါင်းကဒဏ်ရာကိုမြင်တော့ ငိုရခတ် ရယ်ရခတ်။ဆေးထည့်ပြီးပြန်သွားသည်အထိ အမှုထမ်း တွေမှာရင်တထိတ်ထိတ်။ရေမထိရပါဘူးဆိုနေမှ နေ့တိုင်းရေမချိုးရရင်မနေနိုင်ပါဘူးဆိုလို့ ရေစည်အသစ်ဝယ်ပြီး ရေနွေးစပ်ပေးရသေးတယ်။နှင်းဆီပန်းကအဆစ်ပါသေး။

Being in  novel is not easy 🤧[Completed]Where stories live. Discover now