(9)

1.9K 166 0
                                    

ရိပေါ်တစ်ယောက်အခု ဝေါယာဉ် ပေါ်မှာဖင်တကြွကြွဖြစ်နေတယ်။သူကပဲ ဖင်ဘဝင်မြင့်နေလား ၊ အခြားသူတွေကပဲ ဖင်မှာသံပြားကပ်ထားလား မသိဘူး။ တစ်ခါတစ်ခါ လှုပ်လိုက်တိုင်း ဆောင့်လိုက်တဲ့ဖင်။

' အမယ်လေးငါ့ ဖင်လေးများပုတ်ပြီလားမသိဘူး။ ဝမ်ရိပေါ် ရေ ဝမ်ရိပေါ်ရဲ့ ကျင့်ကြံခြင်း လောကအကြောင်းရေးရင် ငါအခု ဓားပျံ စီးရမှာ ။ အခုခေတ် ပုံစံမျိုးရေးရင်လည်း ကားလေးနဲ့ ညိမ့်နေမှာ ။အဲ့ဒါကို ရေးစရာရှားလို့ သစ်သားတုံးကိုအပေါက်ဖောက် ဘီးတပ်ပြီး မြင်းဆွဲ တဲ့ခေတ်ကိုမှ ရေးရလားဟဲ့ ၁၃ နှစ်သား ဝမ်ရိပေါ်ရဲ့။ ပြီးတော့ ဘယ်အချိန် ကွိမလဲ မသိနိုင်တဲ့ နန်းတွင်းဇာတ်လမ်းကြီး ။ကတောက် ! မေ*ဘေးလေး။ '

မသိဘူး၊ ရိပေါ်တို့ကတော့ စိတ်တိုလာရင် အကုန်ဆဲမှာပဲကိုယ့်ကိုယ်ကို လည်းမချန်ဘူး။မားကပြောတယ် အသားနာနေရင် တစ်ခုခုနဲ့အာရုံလွှဲတဲ့။ ရိပေါ်ကတော့ မားစကားနားထောင်ပြီး ရီလင်ဝမ်ဘက် ကိုငမ်း အဲ့လေ အာရုံလွှဲလိုက်တယ်။

အမယ် . . သူကတော့ အိနြေ္ဒ ရရထိုင်ရင်းမျက်လုံးလေးမှိတ်ထားတယ်။ ရိပေါ်တို့ အကြိုက်ပေါ့။ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ မျက်နှာလေး။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလေးက သူ့အောက်ကမှဲ့ လေးကို အကူအညီပေးနေသလိုလို ။ သူကအဲ့ဒိ့ မှဲ့လေးကိုအကြိုက်ဆုံးပဲ ပြီးတော့မနာလိုဘူး။သူများတွေကပြောမှာ အားရင်ဒီမျက်နှာပဲ ငမ်းနေတာလို့။ ဒါပေမဲ့ ရိပေါ် အတွက်ကတော့ ၃နှစ်လောက်လွမ်းနေတဲ့ မျက်နှာလေးလေ။ ခံစားဖူးတဲ့တွေဘဲ သိမှာ။FA တွေကတော့နားလည်မှာမဟုတ်ဘူး။
(နင်လည်း rs မဟုတ်ပါဘူး ပေါ်ပေါ်ရယ်😒😒 )

ပြီးတော့ အခု သူတို့ နှစ်ယောက်လုံး ရဲ့အင်္ကျီ ကအစိမ်းရောင် ၊ couple လေ သိတယ်မဟုတ်လား ဟီဟီး။

"ဘာတွေ သဘောကျနေတာ လဲ ကြင်ယာတော် လန်" ။

မျက်လုံးလေးဖွင့်ရင်း အပြုံးလေးနဲ့ မေးလာတာကြောင့်

"ချောလို့လေ"

ရီလင်ဝမ်က အံ့သြသွားတဲ့ပုံတောင်မပြဘဲ။

"ကြင်ယာတော် လန် ကလှတယ်။"

ရိပေါ် ချက်ချင်း နှာခေါင်းရှုံ ပြီးမျက်နှာလွှဲလိုက်တယ်။သူကယောက်ျားလေးလေ မလှဘူး ၊ခန့်ရမှာ ။ အခုမှပဲအောက်က ဖင်ကပိုနာလာသလို။

Being in  novel is not easy 🤧[Completed]Donde viven las historias. Descúbrelo ahora