(17)

1.6K 170 1
                                    

အခုလောက်ဆို ရိပ်မိလောက်ပြီလို့ထင်ပါတယ်။ ဝမ်ရိပေါ်က သူ့ကျန့်ကောကလွဲရင် ကျန်တဲ့သူတွေကိုသိပ်မချီးကျူးတတ်ပါဘူး။အလွန်ဆုံးရှိလှ ချောတယ် ၊လှတယ် လောက်ပဲ။ သူ့ကိုလူတစ်ယောက်က ချင်ကျဲကချောလားလို့မေးရင် အင်း ချောတယ်လို့ဖြေမှာ။တစ်ဆင့်တိုးပြီး မင်းအစ်မ မျက်နှာက ဘယ်လိုပုံစံလဲလို့မေးရင် ရိပေါ်ပါးစပ်ကနေ သက်တန့်လို မျက်ခုံးလေး ၊ ဖီးနစ်သတန် မျက်လုံး၊ နှာတန်စင်းစင်း၊ နှင်းဆီဖူးလိုနှုတ်ခမ်းလေးတို့ ထွက်လာဖို့မမျှော်လင့်နဲ့။ သူဖြေမှာက တစ်ခွန်းထဲ လူနဲ့တူတဲ့မျက်နှာတဲ့။

ရိပေါ်က ကျန့်ကောကလွဲရင် ကျန်တဲ့သူတွေအကုန် ဖွဲနဲ့ ဇကွဲဆိုတာ တင်စားထားတာမဟုတ်ဘူး တစ်ကယ်ကိုထင်တာ။အဲ့ဒါကြောင့် သူဇာတ်လမ်းထဲက အန်းလဲ့မင်းသမီးနေရာကိုစဉ်းစားတော့ စိတ်ကူးထဲမှာ ချင်ကျဲ မျက်နှာနဲ့ ဖန်ပင်းပင်းလို့တွေးပြီးရေးတာ။တစ်ကယ်ကြီး ဒီမျက်နှာထွက်လာမယ်မထင်ဘူးလေ။

သူ မပြောနဲ့ ချင်ကျဲတောင် ဇာတ်လမ်းကိုဖတ်ပြီး သူ့ကိုယ်သူ ဗီလိန်နေရာမှာပါမှန်းတောင် သတိမထားမိတာ။သတိသာထားမိလို့ကတော့ ရယ်ပြုံးပြီး နေမှာမဟုတ်ဘူး ဖိနပ်နဲ့ ကောက်ရိုက်လို့ ပတ်ပြေးနေရမှာ။ကျန်ကောကျတော့ ဖတ်လိုက်တာနဲ့ ကျန့်ကောမှန်းတန်းသိအောင်ကိုရေးနိုင်တာ။

wonders of wang yibo ထဲကတစ်ခုက အခြားသူရှေ့က ဝမ်ရိပေါ် နဲ့ ကျန့်ကော ရှေ့က ဝမ်ရိပေါ်က လုံးဝ မတူဘူးဆိုတာပဲ။သူ့ကိုယ်သူတောင် သတိမထားမိပေမဲ့ပေါ့။အခုတော့ ဇာတ်လမ်းပြန်ဆက်ရအောင်။

အခုသူ့ရှေ့မှာရှိနေတာ အန်းလဲ့မင်းသမီးဆိုတာသိတာနဲ့ ရိပေါ် ဒေါသတွေအလိမ့်လိုက်ထွက်လာတယ်။ ခပ်ရိုင်းရိုင်းပြောရရင် ဒါသူ့လင်ကို စနိုက်ကြော် ချင်နေတဲ့ ဟာမပဲ။ပိုပြီးဒေါသထွက်တာက သူ့အစ်မ မျက်နှာကြီးနဲ့။ အပြင်မှာပဲအားမရလို့ ဝတ္ထုထဲအထိ သက်သက်မဲ့ လာဒုက္ခပေးတာ။(ပေါ်ပေါ် နင်ရေးထားတာလေ 😑😑)

' ကိုယ့်လူကို စနိုက်လာကြော်ရင်တော့ အစ်မတွေ မင်းသမီးတွေနားမလည်ဘူး အကုန်လက်စတုံးပစ်မှာ။ ဝမ်ရိပေါ်တဲ့ တစ်ပေါ်ပဲရှိတယ်။ '

Being in  novel is not easy 🤧[Completed]Where stories live. Discover now