The Real World

7.8K 718 13
                                    

|| Zawgyi ||

ကျောက်ယွင်လီ သူပထမဆုံးကမ္ဘာကို ရောက်နေပြီအထင်နဲ့ မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဓာတ်ခွဲခန်းတစ်ခုထဲရောက်နေသည်။ ထိုအခန်းထဲမှာ အဆင့်မြင့်ကွန်ပျူ တာတချို့ နဲ့ ဓာတုဗေဒဓာတ်ခွဲခန်းသုံး ကိရိယာပစ္စည်းတွေနဲ့ 614 သုံးပြီးနေရာကိုစစ်လိုက်တော့ ဘယ်သူ့ကိုယ်ထဲမှ ဝင်မနေသလိုအနီးက ရေကန်အသေးထဲမှာရောင်ပြင်ဟက်နေတဲ့ ကိုယ့်ပုံအစစ်အမှန်ကိုမြင်လိုက်ရတယ်။

" ငါဘယ်ရောက်နေတာလဲ "

"အိုး အန်းဝပ် လာအမြန် ငါတို့ဂြိုလ်ကိုဒီနေ့ Zအဆင့်ခေါင်းဆောင်တစ်ယောက်လာမှာလေကွာ အမြန်လုပ်တည်မနေနဲ့ "

ကျောက်ယွင်လီ သူ့ကိုလက်ဆွဲခေါ်သွားတဲ့ကောင်လေးနောက်ပါသွားသည်။ ထိုကောင်လေးခေါ်ပုံအရ အန်းဝပ် ဆိုတာသူ့နာမည်ဖြစ်ရမည်။ ထိုကောင်လေးမှာက ဓာတ်ခွဲခန်းဝတ်စုံကိုဝတ်ထားတယ်။ ကျောက်ယွင်လီ အမြန်ဘဲ့သူ့အကျီ င်္ကိုကြည့်လိုက်တော့ သာမန်အကျီ င်္ပင်...ထိုအချိန်တခြားဘက်က လူတွေလည်းထွက်လာတယ်။ ဒါမဲ့တချို့လူတွေက နားရွက်အရည်ကြီးတွေနဲ့ အသားအရောင်ကလည်း တစ်ချို့ကအစိမ်းရောင်၊ အပြာရောင် တွေနဲ့တချို့ဆိုမျက်လုံး၅ လုံးလောက်၊ လက်က၆ဖက်..

" အန်းဝပ် ၊ဂျက်ဆင်....မြန်မြန်နင်တို့ဘဲ့ကျန်ပြီ "

ကျောက်ယွင်လီ သူ့နဘေးကကောင်လေးကို ဂျက်ဆင်လို့မှတ်ထားလိုက်သည်။ ထိုအချိန်ကောင်းကင်ပေါ်က ထူးဆန်းတဲ့ယာဉ်ကြီးတစ်ခု ရောက်လာတယ်။ ဒါကUFOပန်းကန်ပြားပျံကြီးနဲ့ တူသလိုရှိပေမဲ့ ဒီယာဉ်ပျံကပိုပြီးအဆင့်မြင့် ပုံပေါ်တယ်။ ယာဉ်ပျံကမြေပြင်နဲ့ မီတာ၃၀ အမြင့်မှာရပ်လိုက်တယ် ထို့နောက်ယာဉ်ပျံအောက်က အပြာရောင်အလင်းကြောင်းကြီး တစ်ခုကျလာပြီး ထိုအလင်းအောက်က တစ်ဖြည်းဖြည်းလူပုံပေါ်လာတယ်။ ထိုလူကအရမ်းခန့်ညားသည်။ လက်လည်းခြောက်ဖက်မရှိသလို မျက်လုံးတွေအများကြီးလည်းမပါ အသားအရေကလည်းပုံမှန်လူသားလိုပင် ။ ဂျက်ဆင်ကအနီးကပ်လာပြီး

"Z အဆင့်ကတစ်ကယ်ကိုမြင့်တာဘဲ့ ငါတို့ဂြိုလ်မှာဒီလိုZ အဆင့်ပေါ်လာတာ အရမ်းကံကောင်းတယ် "

Last Wish System (Arc.....)Où les histoires vivent. Découvrez maintenant