ကျောက်ယွင်လီ ဘဝ [ သူခိုး​လေး ​ကျောက်ယွင်လီ Arc. (4.0) ]

2K 234 17
                                    

|| Zawgyi ||

ယွင်လီ မျက်လုံးတွေကို ဖွင့်လိုက်သည်။ မှောင်မိုက်နေတယ်။ သူကအရည်အသွေးနိမ့်တဲ့ မွေ့ယာတစ်ခုမှာအိပ်ပျော်နေခဲ့တယ်လို့ ခံစားရသည်။ ယောင်ယောင်ဝါးဝါးနဲ့ နီးရာစမ်းပြီးထထိုင်လိုက်တယ်။ သူအနီးအနားကိုလက်စမ်းနေတုန်း တစ်စုံတစ်ခုကိုတိုက်မိပြီး ပြုတ်ကျသွားခဲ့သည်။ တိုက်မိတဲ့အရာက လေးထောင့်နာရီလေးတစ်လုံးဖြစ်ပြီး ကြမ်းပြင်ကိုကျတာနဲ့ ထိုနာရီလေးကအသံကျယ်ကျယ်ထွက်ပေါ်လာသည်။

" 7:00 Am ဖြစ်ပြီ တိမ်လေးယွင်ယွင်ရေ အိပ်ရာထတော့..... 7:00 Am ဖြစ်ပြီ တိမ်လေးယွင်ယွင်ရေ အိပ်ရာထတော့..... 7:00 Am ဖြစ်ပြီ တိမ်လေးယွင်ယွင်ရေ အိပ်ရာထတော့..... 7:00 Am ဖြစ်ပြီ ... "

(S/N - ကျောက်ယွင်လီက ယွင်မှာတိမ်လို့ အဓိပ္ပါယ်ပါ)

ယွင်လီ နာရီအသံကိုသုံးကြိမ်လောက်နားထောင်ပြီး သူရောက်နေတဲ့ ကမ္ဘာကိုသိရှိသွားသည်။ သူ့ရဲ့မူလဘဝကိုရောက်နေတာပဲ့။ ထိုအချိန်မှာ သူ့ရဲ့ဦးခေါင်းထုံထိုင်းသွားခဲ့သည်။

" 614 ငါ့ရဲ့မူလဘဝက လူတိုင်းငါ့အပေါ်ကောင်းကြပါတယ်။ ဘာလို့ငါ့ရဲ့မူလဘဝကို ဝင်ခိုင်းခဲ့တာလဲ "

" ဟုတ်ကဲ့ host. ကမ္ဘာကြီးမှာ လူတွေအမျိုးမျိုးရှင်သန်နေကြပါတယ်။ သူတို့ကကိုယ်ပိုင်အသိဉာဏ်တွေရှိကြပြီး တစ်ခြားတစ်ယောက် ဘာတွေးနေတယ်ဆိုတာကို မသိရှိနိုင်ပါဘူး။ Host နံပတ်လေးဘဝရဲ့ မှတ်ဉာဏ်တွေကူးပြောင်းပါတော့မယ် "

ယွင်လီ မျက်မှောင်ကြုတ်ရင်း

" ဒါငါ့ရဲ့မှတ်ဉာဏ်လေ။ ကူးပြောင်းစရာမလိုတော့...."

ယွင်လီ စကားတောင်မဆုံးသေးဘူး။ သူ့ခေါင်းထဲပုံရိပ်တွေ ပြင်းထန်စွာဝင်ရောက်လာသည်။

ကျောက်ယွင်လီ...အသက်၁၇နှစ် သူခိုးအဖွဲ့ဝင် ကျွမ်းကျင်ဟက်ကာလေး။ သူကအသက်၁၀နှစ်ကတည်းက အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သူကအဖွဲ့ခေါင်းဆောင် ရှန်ထန်းရှီ ကိုအရမ်းခင်တွယ်ခဲ့တယ်။ ဘာလို့ဆိုသူ့ရဲ့မိဘတွေ ကသူ့အသက်၁၀နှစ်မှာယာဉ်တိုက်မှုနဲ့ဆုံးသွားခဲ့သည်။ တိုက်ဆိုင်စွာဖြစ် ထိုသူခိုးအဖွဲ့ကလည်း ယာဉ်တိုက်မှုအနီးကဖြတ်သွားပြီး မိဘဆွေမျိုးမရှိပဲ အကူအညီမဲ့နေတဲ့ ယွင်လီလေးကိုခေါ်ပြီး စောင့်ရှောက်ခဲ့ကြတယ်။ သူကအထက်တန်းအောင်ပြီး ကျောင်းဆက်မတတ်တော့ဘူး။ ဒီအစားသူကျွမ်းကျင်တဲ့ ဟက်ကာပညာနဲ့အဖွဲ့မှာလိုက်ပါတော့တယ်။

Last Wish System (Arc.....)Where stories live. Discover now