( 2.7 )

4.3K 506 2
                                    

|| Zawgyi ||

ယွင်လီ ကထိုလုပ်ရပ်ကို ကြိုသိခဲ့ပြီးဖြစ်တယ်။ သူကအပ်လေးကို တစ်ယောက်မှမသိအောင် ဖြေရှင်းနိုင်ပေမဲ့ တစ်ခြားသူတွေသာ ဒီလိုအချောင်ခိုတိုက်တဲ့ အကြောင်းကိုမသိခဲ့ရင် အရမ်းကိုညှာတာလွန်းရာကျနေတာပေါ့။ ယွင်လီကသူ့ရဲ့သံချောင်းလက်နက်ကို ယူထုတ်လိုက်ပြီးအကာအကွယ်ထီးပုံစံပြောင်းပြီး အပ်ချောင်းလာရာကိုကာလိုက်တယ်။

ရုတ်တရက်ကြီး လုပ်လိုက်တာမို့ ကစားသမားတွေအားလုံး ယွင်လီ ဆီကိုအာရုံ​ရောက်သွားတယ်။ သူတို့ကယွင်လီဘာလို့ ခွေးနက်ကြီးနဲ့ဆန့်ကျင်ဘက်ကို ကာလိုက်တာလဲနားမလည်နိုင်ဘူး။ဒါမဲ့ သူတို့အကာအကွယ်နဲ့တိုက်မိပြီး အောက်ကျသွားတဲ့အပ်ကိုတွေ့လိုက်တယ်။ သူတို့တွေအားလုံးက အပ်ပြစ်လိုက်တဲ့ဘက်ကို မျက်နှာမှုလိုက်တယ်။ ဆွန်းဂျူ အရမ်းထိတ်လန့်သွားတယ်။ သူစီစဉ်ထားတာနဲ့ အရမ်းကိုလွဲမှားနေတယ်လေ။

"မဟုတ်ဘူး....ငါငါမှားပြစ်တာ "

အားလုံးက အထင်သေးသလို ကြည့်လိုက်တယ်။ မှားပြစ်တာလားဆိုတာကြည့်တာနဲ့ သိတယ်။ ခွေးနက်ကြီးကဆန့်ကျင်ဘက်မှာ ရှိတာသိသာတယ်​လေ။ ယွင်လီ ကလက်နက်ကိုပြန်သိမ်းလိုက်ပြီး

" ဟွန်း...နင်ငါ့ကိုလုပ်ကြံချင်နေတာဘဲ့ "

" မဟုတ်ဘူး...ငါ...ငါ..."

[ တင်းတောင် level 90 ခေါင်းသုံးလုံးခွေးနက်ကြီး ကိုသတ်နိုင်သွားပါပြီ ဂုဏ်ယူပါတယ်။ အမြူအတေ သုံးခုနဲ့နတ်အဆင့်ဓားကို ရရှိပါပြီ ]

အသံကျယ်ကြီးထွက်လာမှ လူတွေအားလုံးရဲ့ အာရုံကတိုက်ခိုက်နေတာကို ပြန်ရောက်သွားကြတယ်။ ခွေးနက်ကြီးကို ဂျွန် ကသူ့ရဲ့လျှပ်စစ်ဓားနဲ့သတ်လိုက်တာဖြစ်တယ်။ ဂျွန်ကအမြူ အတေတွေကို သိမ်းလိုက်ပြီးအေးစက်စက်ဖြင့် ယွင်လီ အရှေ့ကဆွန်းဂျူ ကိုကြည့်လာခဲ့တယ်။ သားရဲတွေနဲ့တိုက်ခိုက်နေတုန်း လုပ်ကြံခံရတာကို သူတို့အားလုံးကအရမ်းရွံရှာကြတယ်။ ဆွန်းဂျူ ကအကြောက်အကန်ငြင်းပြီး ဝူယောင်းကိုအကူတောင်းတယ်။

" ယူဂျင် ဂျူ လေးကတမင်လုပ်တာမဟုတ်ပါဘူးကွာ နားလည်ပေးပါနော် "

Last Wish System (Arc.....)Where stories live. Discover now