( 3.6 )

2.8K 343 0
                                    

|| Zawgyi ||

ဟေးလီ သူ့အရှေ့ကကျမ်းစာပရပိုက်ကို စူးစိုက်ကြည့်လိုက်တယ်။

" ခရိ ယူလာတဲ့ကျမ်းစာက မှားနေလို့များလား မဖြစ်နိုင်တာဘဲ့ ငါထပ်ပြီးလေ့ကျင့်သင့်တယ် "

ဟေးလီ ကျမ်းစာကိုချကာ ခြေချိတ်ထိုင်ပြီး ကျမ်းစာကိုပြန်ရွတ်ဖတ်လိုက်တယ်။ ဒါမဲ့ဘယ်လိုမှလေ့ကျင့်လို့မရဘူး။ ကျမ်းစာကိုရွတ်လိုက်တာနဲ့ အသက်ရှူ ခက်လာပြီး သေတော့မလို့တောင်ဖြစ်လာသည်။

" ခရိ ကိုသွားပြောရမယ် "

ဟေးလီအပြင်ကို ဒုန်းစိုင်းထွက်သွားပြီး ခရိရှိတဲ့နန်းဆောင်ကိုရောက်လာခဲ့တယ်။ သူကခွင့်မတောင်းဘဲ အထဲကိုဝင်သွားသည်။ အထဲမှာခရိရှိနေပေမဲ့ သူတစ်ယောက်ထဲတော့ မဟုတ်ဘူး။ သူ(ဟေးလီ)မုန်းတဲ့စရင်းထဲပါနေတဲ့ စကေးဆိုတဲ့ကောင်လေးနဲ့ အတူရှိနေတာဖြစ်တယ်။ ဟေးလီ အစကတည်းက ကျမ်းစာကျင့်ကြံတာမရလို့ ဒေါသဖြစ်နေတာနဲ့ အခုမြင်ကွင်းပါပေါင်းပြီး ယူလာတဲ့ စာလိပ်နဲ့ပြစ်ပေါက်လိုက်တယ်။ စကေးကအမြင်အာရုံစူးရှတယ်။ သူကအမြန်ရှောင်လိုက်တယ်။ ဒါမဲ့ကံဆိုးချင်တော့ ခရိရှိတဲ့ဘက်ကိုရှောင်လိုက်မိပြီး ခရိကိုယ်နဲ့ဝင်တိုက်မိသွားသည်။

" ဟေးလီ ဘာလိုပြစ်လိုက်တာလဲ "

" ဟွန်း မင်းအခုခရိနဲ့ဘာပြောနေကြတာလဲ "

စကေး ကြောင်တောင်တောင် ဖြစ်သွားပြီးခရိကိုပြန်ကြည့်လိုက်တယ်။ တကယ်တော့စကေးက ခရိနဲ့တွန်နီခရီးသွားတဲ့ ကိစ္စကိုပြောနေတာဖြစ်တယ်။ ဒီကိစ္စကဘယ်သူမှ သိခိုင်းလို့မဖြစ်တာမို့ အခန်းထဲမှာပြောနေကြတာ စကေးကတွန်နီ သဘောကျနေတဲ့လူက ခရိလို့သိထားတာကြောင့် ပြောပြလို့ရမယ်ထင်သည်။

တဖက်က ခရိမှာဟေးလီရဲ့ ဒေါသကြောင့်ပျက်ယွင်းနေတဲ့ မျက်နှာကိုကြည့်ရင်းမယုံနိုင်ဖြစ်နေလေတယ်။ သူ့(ဟေးလီ)ရဲ့မျက်နှာမှာချွေးတွေနဲ့ ဒေါသကြောင့်လည်းရှုပ်မဲ့နေသေးတယ်။ အရင်ကသနားကြင်နာတတ်တဲ့ ပုံနဲ့လားလားမှမဆိုင်ဘူး။ ဟေးလီကသူ့ရဲ့ယခုပုံကို သတိထားမိပြီး အမြန်ပြန်ပြင်လိုက်တယ်။

Last Wish System (Arc.....)Where stories live. Discover now