( 2.1 )

4.7K 523 0
                                    

|| Zawgyi ||

ကျောက်ယွင်လီ အဖွဲ့ထဲကခွဲထွက်ချင်ပေမဲ့ အကြောင်းပြချက်မရှိဘဲမဖြစ်ဘူးလေ။ ဒါကြောင့်သူတို့ရှိတဲ့အိမ်ကိုဝင်လာလိုက်တယ်။ အိမ်ကရှည်တယ်...တစ်ယောက်တစ်ခန်းနေဖို့လုံလောက်တယ်။ သူတို့အဖွဲမှာ ယူဂျင်ပါအပါအဝင်အားလုံး၇ယောက်လောက်ရှိတယ်။ ရှင်းဆွန်းဂျု ကသူ့နာမည်အရမ်းမဟုတ်ဘဲ ဂျူ လေးလို့တပ်ပြီး ကစားနေတယ်။ မဟုတ်ရင်ဝူယောင်းသတိထားမိသွားမှာလေ...

" ဒီနေ့အတွက်အမြူ အတေ၆လုံးဘဲ့ရတယ်။ ရော့တစ်ယောက်တစ်လုံး "

သူတို့က ယွင်လီကိုမြင်ပေမဲ့ အတူတူမခွဲပေးဘဲ ချန်ထားတယ်။ အရင်ကလည်း ဒီလိုပါဘဲ့။ ဒါမဲ့အခုက အရင်ကကင်ယူဂျင်မှ မဟုတ်တော့တာ ။ ယွင်လီက..

" ငါ့အတွက်ကရော "

ယွင်လီမေးလိုက်တာနဲ့ လူတိုင်ကယွင်လီကို စိတ်ပျက်တဲ့အကြည့်တွေနဲ့ လှည့်ကြည့်လာတယ်။ ထိုထဲက ယူဂျယ်ဟီး လို့အပေါ်မှာနာမည်စာတန်း ထိုးထားတဲ့ကောင်လေးတစ်ယောက်က

" လာနောက်နေတာလား...မင်းကဘာလုပ်ပေးလို့ အမြူ အတေလိုချင်နေတာလဲ "

တကယ်ဆို ယူဂျင်ကဘာမှမလုပ်နိုင်ပေမဲ့ သူကအဖွဲ့ရဲ့ထောက်တိုင်ကြီးပင် လက်နက်တွေကိုလည်း သူဘဲ့ဒိုင်ခံဝယ်ပေးရတယ်။ အခုနေတဲ့အိမ်တောင် ယူဂျင်ပိုက်ဆံနဲ့ ဆွန်းဂျူ ကနောက်မှလာပြီး အိမ်ကိုအနည်းငယ်ပြင်ဆင် ဖန်တီးပေးထားတာ။ အခုတိုက်ပွဲမှာလည်း ယူဂျင်ကသာဒဏ်ရာတွေရခဲ့တာ...ဘာလို့ဆိုသူတို့က ယူဂျင်ကိုဓားစာခံလုပ်ပြီး သားရဲတွေကိုယူဂျင်အနား အုပ်လိုက်ဝိုင်းတိုက်ခိုက်စေပြီးမှ သူတို့ကအဝေးပြစ်မြှားတွေနဲ့ ပြစ်ခဲ့ကြတာ။

" ဟက်....ငါလည်း ဒီလိုအညာတရ အမြု အတေလေးတွေမလိုပါဘူး "

ယွင်လီ ထွက်သွားတော့မှာမြင်တော့ ဝူယောင်းကခပ်လှမ်းလှမ်းကနေပြောလာတယ်။

" ယူဂျင် မင်းအမြူ အတေလိုနေလို့လား ကိုယ်ရှာပေးမယ်လေ..."

ယူဂျယ်ဟီး က

" ဟွန့် အမြူ အတေကိုသုံးပြီး ဘာဖန်တီနိုင်မှာမို့လဲ ဝူယောင်း မင်းရှာပေးချင်ရင် ဂျူ လေးကိုဘဲ့ရှာပေးလိုက် ဂျူ လေးကအဆင့်မြင့်ဖန်တီးသူဘဲ့ "

Last Wish System (Arc.....)Where stories live. Discover now