( 4.1 )

1.7K 219 14
                                    

|| Unicode ||

ယွင်လီ အလုပ်ရှုပ်နေကြတဲ့ သူ့အကိုတွေကိုတစ်ချက်ကြည့်ပြီး နည်းနည်းလေးဝမ်းနည်းသွားရသည်။ ဘာလို့ဆိုဒီကမ္ဘာမြေက တကယ့်သူ့ရဲ့နေရာအရင်းပဲ့ ဒီကျောက်ယွင်လီကလည်း သူကိုယ်တိုင်ပဲ့။ သူ့ရဲ့အကိုတွေက သူ့ကိုစိမ်းကားလာတယ်ဆိုတဲ့ ခံစားချက်က အရင်မူလယွင်လီလေးကို အရမ်းခံစားခဲ့ရတာ။ ဒီတစ်ကြိမ်မှာရော အတူတူပါပဲ့။

သူလွမ်းနေတဲ့C နိုင်ငံကို တစ်ချက်လောက်လှည့်ပတ် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှသူ့ခံစားချက်တွေကို ထိန်းချုပ်ဖို့အချိန်လေးရတာပေါ့။

ယွင်လီသူ့အခန်းလေးထဲက အပေါ်အဝတ်ကိုဝတ်ရင်း ပိုက်ဆံအိတ်လေးနဲ့ဖုန်းကို ယူလိုက်တယ်။ သူအပြင်ထွက်မို့လုပ်တော့ သူအရမ်းအားကိုးခဲ့တဲ့ သူတို့အကိုကြီးရှန်ထန်းရှီက မြင်သွားခဲ့သည်။

" ယွင်ယွင်လေး ဘယ်သွားမလို့လဲ "

" ကျွန်တော်...အပြင်လမ်းလျှောက်ထွက်မလို့ "

ရှန်ထန်းရှီကဆိုသည်။

" အင်း...မြန်မြန်ပြန်လာနော် ညနက်တဲ့အထိလျှောက်မသွားနဲ့အုံး "

" အွန်းပါ...ကိုကိုထန်း ကျွန်တော်သွားတော့မယ် "

ဟုတ်ပါတယ်။ တကယ်ကလေးဆန်ခဲ့တယ်မလား။ သူကရှန်ထန်းရှီနဲ့ သူ့ညီအရင်းရှန်ကောရှီကို ကိုကိုတပ်ခေါ်ခဲ့တာလေ။ တခြားအကိုနှစ်ယောက်က အမြဲပွစိပွစိပြောတတ်တယ်။ သူတို့ကိုကျတော့ ကိုကိုတပ်မခေါ်လို့ပေါ့။

ယွင်လီ အပြင်ထွက်ပြီးတံခါးပိတ်တော့မဲ့ ဆဲဆဲလေးမှာ ရှန်ကောရှီနဲ့အန်းယွီက အမြန်ထွက်လာခဲ့သည်။ အန်းယွီကကောင်ငယ်လေးတစ်ယောက်ပါပဲ့ ချစ်စရာကောင်းမှုအပြည့်ပုံနဲ့ပေါ့ ဒါမဲ့ဆိုးရုပ်ပြီးအကြံဆိုးတွေကိုတော့ ဘယ်သူမှမမြင်ခဲ့ကြဘူး။

" ယွင်လီ ငါ့ကိုငါးအသားချောင်းတုတ်ထိုးလေး ဝယ်ခဲ့ပေးပါလား။...နောက်ပြီး...ဘယ်ရီဖျော်ရည်လေးရော "

ယွင်လီ ဘာမှတောင်မပြောရသေးဘူး။ သူကချစ်စရာပုံလေးနဲ့ပြောနေတာ။ အရင်ကသူ့ကိုယ်သူအရမ်းတုံးအပြီး ဒီပုံကိုဖြူစင်တယ်လို့တွေးခဲ့တာပဲ့။ ထင်တဲ့အတိုင်းပဲ့ ရှန်ထန်းရှီနဲ့ ကောရှီ နှစ်ယောက်လုံးက

Last Wish System (Arc.....)Where stories live. Discover now