တွန်နီ ဘဝ [ စင်ကြယ်သော နတ်ဘုရားလေး (Arc. 3.0) ]

4.6K 469 9
                                    

|| zawgyi ||

ယွင်လီ မျက်လုံးတွေကိုအသာလေးဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်ကိုအကဲခက်လိုက်တော့ ဘယ်သူမှရှိမနေဘူး။ သူ့ရဲ့ပတ်ပတ်လည်မှာ ပေပေါင်းရာကျော်မြင့်လောက်တဲ့ စာအုပ်စဉ်ကြီးတွေရှိနေတယ်။ ယွင်လီ သူရောက်နေတဲ့ ကမ္ဘာကို614 သုံးပြီးကြည့်လိုက်တယ်။

သူအခုရောက်နေတဲ့ နေရာက ရောမ လိုလို ခေတ်နဲ့တူတယ်။ သူတို့ကဘာသာစကားအတည်တကျ ရှိပြီး ကိုးကွယ်မှုတွေမရှိဘူး။ သူတို့ကတခြားလူမျိုးစုတွေလို နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေကို အယုံအကြည်မရှိကြဘူး။ သူတို့မှာဘုရင်ကြီးက အုပ်ချုပ်တယ်။ တစ်နေ့မှာတော့ သဘာဝတရားကြီးက ဖောက်လွဲဖောက်ပြန်ဖြစ်လာခဲ့တယ်။ မိုးကောင်းကင်က လျှပ်စီးတွေနဲ့ မိုးကြိုးတွေကြောင့် နေရာအတော်များများမှာ မီးလောင်ခဲ့တယ်။ မိုးရွာပြီး မိုးသီးတွေပါကျတာကြောင့် ရေပြင်မှာရေတွေကြီးပြီး သူတို့တိုင်းပြည်ကိုကပ်ဆိုက်စေတယ်။ ဒါတင်မကဘူး မြေပြင်ပေါ်မှာ လေပွေကြီးတွေဖြစ်ပေါ်လာပြီး လေဆင်နှမောင်းအဖြစ်နဲ့ အိမ်တွေ၊ယာတွေကို ဖျက်ဆီးပြစ်တယ်။ သူတို့ဘယ်လိုလုပ်ရမှန်းမသိခဲ့ကြဘူး။ တစ်လနီးပါးလောက်ခံစားရပြီးနောက်မှာလည်း ထိုဒုက္ခတွေပြီးသွားမဲ့ပုံမပေါ်ခဲ့ဘူး။ ဒီအချိန်ရုတ်တရက်ကြီး အသက်၇၀ အရွယ်အဘိုးအိုတစ်ယောက် သူတို့တိုင်းပြည်ကိုရောက်လာပြီး ဂါထာတစ်ချို့ကို ရွတ်ဖတ်ပြီး စွမ်းအားတစ်ခုကို အဖိုးအိုကြီးကထုတ်လွှတ်ကာ ထိုဒုက္ခတွေကိုဖယ်ရှားပေးခဲ့တယ်။ ဒါကြောင့်ဘုရင်ကြီးက အရမ်းကျေးဇူးတင်ပြီး နန်းတော်ကြီးထဲကိုခေါ်ခဲ့တယ်။

အဖိုးအိုက ပြည်သူတွေအရှေ့က စဉ်ကြီးဆီမှာရပ်ပြီး ရှင်းပြခဲ့တယ်။ မကောင်းဆိုးဝါးတွေက ဒီပြသနာတွေကိုဖန်တီးနေခဲ့တာ ဘာလို့ဒီတိုင်းပြည်ကိုရွေးချယ် ဒုက္ခပေးတာလဲဆိုတာက သူတို့တိုင်းပြည်က ကိုးကွယ်ယုံကြည်တဲ့ နတ်ဘုရားတွေကိုမပူဇော်လို့ဘဲ့။ ဒါကြောင့်သူတို့က စိတ်ကြိုက်ဖျက်လိုဖျက်ဆီးလုပ်နေကြတာ ဒါကြောင့်အားလုံးနတ်ဘုရားကြီးကို ကိုးကွယ်သင့်တယ်။ ဒီအဖိုးအိုကြီးက နတ်ဘုရားရဲ့သံတမန်ဘဲ့လို့ ပြောကြားခဲ့တယ်။

Last Wish System (Arc.....)Where stories live. Discover now