( 4.2 )

1.3K 196 6
                                    

|| Unicode ||

" သေချာအောင် ရှာဖွေထားပါ့မယ်။ Host...လိုအပ်ရင် ခေါ်လိုက်ပါ "

ယွင်လီ ကအိမ်မပြန်ချင်သေးတာမို့ အနီးနားက ကစားကွင်းကြီးတစ်ခုကိုပြလိုက်တယ်။ သူဒီကစားကွင်းကြီးကို သေချာသိသည်။ အရင်ဘဝမှာ သူတို့ဂွင်တစ်ခုဖြစ်ခဲ့ဖူးတယ်မလား။

" ကိုကိုထန်း ကောကိိုကို ဒီကစားကွင်းကို ခဏသွားဆော့ရအောင်လေ။ "

ထန်းရှီက တွေဝေနေတဲ့ပုံနဲ့

" ဆော့ မလို့လား "

" ဘာလဲ...ကိုကိုထန်းက မလိုက်ပေးချင်လို့လား.... အား...ယွင်လေးသိပြီ လက်စသတ်တော့ ကိုကိုထန်းက အန်းယွီအတွက် မုန့်လာဝယ်တာနေမယ်။ တော်ပြီ ယွင်လေးကို အောက်ချပေးတော့ဗျာ "

ရှန်ထန်းရှီ ကအမြန်ပင်ပြုံးလျက်ပြောသည်။

" ကောင်းပြီ...ကိုယ်အန်းယွီလေးအတွက် မုန့်လာဝယ်တာမှန်တယ်။ ဒါ့ထပ်ကိုယ်ယွင်လေးကို စိုးရိမ်စိတ်ကပိုပါတယ်ကွာ...ယွင်လေး ကစားကွင်းသွားချင်တယ်မလား ကိုကို နဲ့သွားတာပေါ့ မုန့်တွေကို ​တစ်ယောက်ယောက်နဲ့ အိမ်ပို့ခိုင်းလိုက်မယ်လေ "

ယွင်လီ လေးကျေနပ်သွားပြီး

" ကိုကိုထန်းက အကောင်းဆုံးပဲ့....ဒါမဲ့ ယွင်လေး မှာပိုက်ဆံအများကြီးပါမလာဘူး  "

ကောရှီ : " ဒီကိုကိုက ဝယ်ကျွေးမယ်လေ။ ကြိုက်တာပြောကွာ "

" ဟီးဟီ.... ဟုတ်ပြီကွ "

ထန်းရှီရဲ့ကျောပေါ်ကနေပြီး ခုန်ခုန်ပေါက်ပေါက်လုပ်ရင်း ကစားကွင်းထဲပါသွားရသည်။ သူတို့သုံးယောက်က မတူညီတဲ့ အသွင်နဲ့ချောမောတာမို့ လူတိုင်းရဲ့အာရုံစိုက်မှုကို ရရှိထားသည်။ ရှန်ထန်းရှီက ခန့်ညားပြီးလူကြီးဆန်ဆန်နဲ့ ချောမောသလို ရှန်ကောရှီကလည်း လူငယ်ဆန်ဆန် play boy လေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးနဲ့ချောမောလွန်းသူပင်။ ကျောက်ယွင်လီကလည်း အထက်တန်းကျောင်းသားလေး တစ်ယောက်လိုဖြူစင်ပြီး ချစ်ဖို့ကောင်းနေတာမို့ လူတိုင်းအကြည့်မလွှဲနိုင်ချေ။

" ကိုကိုတို့ ဒီနေရာက နေရာကောင်းလေးပဲ့ ကျွန်တော် ဒီနေရာနဲ့ပတ်သက်ပြီး စုံစမ်းထားတာတွေရှိတယ် ကိုကိုတို့ကြည့်ချင်လား "

Last Wish System (Arc.....)Where stories live. Discover now