( 2.9 ) 🚨

5K 493 3
                                    

|| Zawgyi ||

" ဂျွန် "

" ကိုယ့်ကိုလက်ထပ်ပါ "

အတွင်းပိုင်းမှာ အားလုံးကိုအနီရောင်ချည်းသာ ဂျွန်ကအတွင်းမှာရပ်နေပြီး သူ့အရှေ့ကစားပွဲပေါ်မှာ အနီရောင်ပန်းထုံးတစ်ခုနဲ့ သေရည်ကနှစ်ခွက်ရှိနေခဲ့တယ်။ ယွင်လီ အံ့ဩနေတုန်းသူ့ခေါင်းပေါ်ကို မိန်းကလေးအဖွဲ့ဝင်ဆူယွန်းနဲ့ happyရဲ့ယောက်ျားအွန်းဟိုက အနီရောင်ပဝါတစ်ခုကို ယွင်လီ ခေါင်းပေါ်ခြုံပေးတယ်။

" ဟက် "

" မင်းကကိုယ့်အပိုင်ဖြစ်ပြီဇနီးလေး "

[ တင်းတောင် ကစားသူပတ်ဂျွန်ယောင်းနှင့် ကင်ယူဂျင် လက်ထပ်ပြီးအကြင်လင်မယား xဒင်းဒင်x အကြင်လင်လင်ဖြစ်သွားပါပြီ ဂုဏ်ယူပါတယ်။ ]

System ရဲ့စကားကြောင့် အားလုံးရယ်ပွဲကျသွားကြတယ်။ Happy ကမကျေမနပ်ဖြစ်ပြီး

" အဲ့ဒီsystem ကဘက်လိုက်တယ်ကွာ။ ငါနဲ့အွန်းဟိုလက်ထပ်တုန်းက လက်ထပ်ပြီးပါပြီဆိုဘဲ့ပြောတာ အကြင်လင်မယားတို့ အကြင်လင်လင်တို့မပါဘူးကွ "

သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်စနောက်ကြတယ်။ လက်ဖွဲ့ပစ္စည်းတွေကိုလည်း ပေးကြတယ်။ နောက်ဆုံးအခန်းထဲကိုရောက်တော့ မင်္ဂလာဦးမယ်ကြံတုန်း system ကအချက်ပေးသံထွက်လာတယ်။

[ တင်းတောင် ခေါင်းသုံးလုံးစပါးကြီးမြွေ ပေါ်ထွက်လာပါပြီ။ ခေါင်းသုံးလုံးစပါးကြီးမြွေ ကိုသတ်နိုင်ခဲ့ရင် နတ်ဘုရားအဆင့်အမြူ အတေ ၃လုံး၊ ရွှေဒင်္ဂါး၁၀၀၀၀ ရရှိပါမည်။ အောင်မြင်ပါစေ ]

" သွားရအောင် "

"မသွားဘူး...ကိုယ်တို့ဆက်ရမယ် "

အပြင်ကနေNew တို့လာခေါ်ပေမဲ့ ဂျွန်ကပစ္စည်းတွေနဲ့ ပြစ်ပေါက်လိုက်လို့ ထွက်ပြေးသွားကြတယ်။ ဂျွန်ကယွင်လီကို အိပ်ရာပေါ်ပြစ်ချလိုက်တယ်။ ယွင်လီ ကျောတောင်အောင့်သွားပြီး ဂျွန်ရဲ့ရင်ဘက်ကို သူ့​ခြေထောက်နဲ့ကန်ထားလိုက်တယ်။

" ခင်ဗျားဖြေးဖြေးလုပ်လို့ မရဘူးလား "

"အချစ်လေးက အချစ်ခံရဖို့မစောင့်နိုင်တော့ဘူးထင်တယ်"

Last Wish System (Arc.....)Where stories live. Discover now