|| Zawgyi ||
ကျောက်ယွင်လီ အိပ်ရာပေါ်ကထလိုက်ပြီး လန်းဆန်းသွားအောင်မျက်နှာသစ်လိုက်တယ်။ သူ့ရဲ့မျက်နှာကိုကြည့်လိုက်တော့ အရမ်းနှစ်လိုဖွယ်ကောင်းပြီး သနားစရာခွေးပေါက်စလေးလို ချစ်ဖို့ကောင်းလှတယ်။ ကျောက်ယွင်လီ ကျေနပ်စွာပြုံးလိုက်ကာ အရင်ကထပ်ပိုပြီးပေါ်လွင်စေဖို့ 614 သုံးကာ ရုပ်ရည်ကိုပိုမြင့်တင်လိုက်တယ်။အရင်ယုံကြည်မှု နည်းတဲ့မျက်နှာပေါ်မှာ တက်ကြွရဲရင်းပြီးပြတ်သားတဲ့ ပုံပေါ်လာတယ်။ 614 ကနေကျိုးရန် နေ့စဉ်နေထိုင်ပုံကို သိရတာမို့သနားမိတယ်။
"ဟူး....စရမှာပေါ့ ပျော်စရာတော့ကောင်းမှာဘဲ့ "
ကျောက်ယွင်လီ ကျောင်းကိုသွားဖို့ပြင်ဆင်လိုက်တယ်။ သူယုံကြည်မှုရှိရှိအိမ်ကနေထွက်လာပြီး မှတ်ဥာဏ်ထဲကအတိုင်း ကျောင်းကိုသွားလိုက်တယ်။ ကျောင်းအခန်းထဲရောက်တော့ သူ့ကိုလူတိုင်းကကြည့်နေကြတယ်။ ကျောက်ယွင်လီ ဂရုမစိုက်ဘဲသူထိုင်နေကျ အခန်းထောင့်နားကာ ခုံလေးမှာထိုင်လိုက်တယ်။ စကားပြောသံတွေနဲ့ ဆူညံနေတာမို့ နားကြပ်ကိုထုတ်တပ်ပြီး မျက်လုံးမှိတ်ကာ နားထောင်နေလိုက်တယ်။
"ဟေ့.....ကျိုးရန် ကျောင်းပြင်ထွက်လာငါတို့တစ်နေရာမှာ ကစားရအောင် "
မျက်လုံးဖွင့်လိုက်တော့ ချင်းဟိုင်နဲ့သူ့အကောင်တွေ ကျောက်ယွင်လီမလိုက်ဘဲနေမလို့လုပ်ပေမဲ့ အရင်ကျိုးရန်ကသူတို့စားသောက်တာတွေအတွက် အမြဲပိုက်ဆံရှင်းရတယ်။
နောက်ပြီးသူတို့သုံးဖို့ ပိုက်ဆံတွေလည်းပေးရသေးသည်။ ဒါပြန်ချေပနိုင်မဲ့နည်းလမ်းဘဲ့လေ ကျောက်ယွင်လီ ထပြီးအရင်ကကျိုးရန်လိုကုတ်ကုတ်လေးလိုက်သွားတယ်။"ငါတို့ဒီနေ့အရမ်းကောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုတွေ့ထားတယ် ဟားဟ...."
ချင်းဟိုင်နဲ့သူ့အကောင်တွေ ကပြောရင်နဲ့ရယ်နေကြတယ်။ ဆိုင်ကတော့တစ်ကယ့်အကောင်းစားဆိုင်ကြီးပင် အထပ်တန်းစားလူတွေသာစားနိုင်တဲ့နေရာမှာ ချင်းဟိုင် တို့ရှိနေတာအရမ်းကိုလွဲနေတယ်။ အထဲကစားပွဲတစ်ခုမှာ ချန်လီကျင်းစောင့်နေတယ်။ ချင်းဟိုင်ကချက်ခြင်းကြာပန်းဖြူလေးအသွင် လုပ်ပြီး..
![](https://img.wattpad.com/cover/255287408-288-k880728.jpg)
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...