( 3.8 )

2.6K 359 17
                                    

|| Zawgyi ||

အဖိုးကြီး ပြောပြပြီးတော့ ယွင်လီ အံ့ဩသွားသည်။ သူတောင်ဘာမှမလုပ်ရ​သေးပဲ ဟေးလီကိုကန်ထုတ်နိုင်ခဲ့တာပဲ့။ ဒါထပ်ထူးဆန်းတာက စကေးက ဟေးလီကျမ်းစာကိုမကျင့်ကြံနိုင်ဘူးတဲ့။

မူလဇာတ်ကြောင်းမှာက လျှိ့ဝှက်ကျမ်းစာကြောင့် ဟေးလီပိုပြီးအောင်မြင်လာတာလေ။ အခုကဘာလို့ကျင့်ကြံလို့မရတာလဲ။ ဒါမှမဟုတ်....

ယွင်လီ စားပွဲပေါ်ခြေထောက် နှစ်ဖက်တင်ရင်းပြင်းရိပြင်းတွဲ ကြည့်​နေတဲ့ ဇစ်ဇ်ကိုကြည့်လိုက်တယ်။ ဇစ်ဇ်ကထူးဆန်းတဲ့ အပြုံးကြီးနဲ့တစ်ချိန်လုံး ယွင်လီ ကိုစိုက်ကြည့်နေတာဖြစ်တယ်။

ဒါအဲ့ဒီအထန်ကောင်ကြီးကြောင့် ဟေးလီ ကျမ်းစာကျင့်ကြံနိုင်တာလား။ မဟုတ်ဘူး ကျမ်းစာကြောင့်တိုးတတ်လာတာမဟုတ်ဘူး အဲ့ဒီအရင်ဇစ်ဇ်နဲ့ ပလူးနေခဲ့လို့တိုးတတ်ခဲ့တာ။ ဇစ်ဇ်ကနတ်ဘုရားဆိုတော့ မူလဇာတ်ကြောင်းမှာ ဟေးလီကိုအလွယ်တစ်ကူ တမန်တော်ဖြစ်အောင်လုပ်ပေးလိုက်တာပဲ့။

ယွင်လီ နားလည်သွားပြီး မျက်မှောင်ကုတ်လိုက်သည်။ အဖိုးကြီးနဲ့စကေးက ဇစ်ဇ်ကိုမသိတာမို့ မေးမလို့ပြင်နေပေမဲ့ အဆောင်အပြင်က အလျှင်လိုနေပြီး စိုးရိမ်နေတဲ့မိန်းကလေးတစ်ယောက် အသံထွက်လာသည်။

" ဆရာကြီး...အဖေနေမကောင်းဖြစ်နေတယ်။ သမားတော်တွေလည်း မတတ်နိုင်ဘူးတဲ့ ကူညီပါအုံး "

အဲ့ဒီမိန်းကလေးက ဘုရင်ကြီးရဲ့သမီးတော်တစ်ယောက်ပဲ့။
အဖိုးကြီးကစိုးရိမ်သွားပြီးတော့ ချက်ခြင်းလိုက်သွားသည်။
ယွင်လီ ထိုအခြေအနေကို အတော်လေးမသက်မသာဖြစ်သွားမိတယ်။ အရင်ဇာတ်လမ်းမှာက ဘုရင်ကြီးနေမကောင်းဖြစ်နေတုန်း ခရိကအာဏာရလာပြီး ဟေးလီနဲ့လက်ထပ်ပွဲကျင်းပကာ အဖိုးကြီး၊ တွန်နီနဲ့စကေးကိုသေစေခဲ့တယ်။ အခုဟေးလီမှာထောက်ပံ့ပေးနေတဲ့ ဇစ်ဇ်မရှိတော့ပေမဲ့ ဟေးလီကအဓိကဇာတ်ကောင် ဖြစ်နေတုန်းပဲ့။ သူတို့ကတနည်းနည်းတော့ ဖြေရှင်းနိုင်လိမ့်မည်။

ယွင်လီစိုးရိမ်နေတဲ့အတိုင်း အမှန်တကယ်ဖြစ်နေတာဖြစ်တယ်။ ဟေးလီ မကောင်းဆိုးဝါးဘုရင်ကြီးနဲ့ တောထဲမှာဆုံခဲ့တယ်။ အဓိကဇာတ်လိုက်တွေကတော့ အခက်ခဲဖြစ်နေတဲ့ အချိန်မှာတောင်အသုံးဝင်တဲ့ လူတွေနဲ့တွေ့ဆုံနိုင်တုန်းဘဲ့။

Last Wish System (Arc.....)Where stories live. Discover now