|| Zawgyi ||
" အမေ သားတို့ဒီလိုမလုပ်ရင် တနေ့ကျိုးရန်က ပြန်လုပ်လိမ့်မယ် "
ချင်းဟိုင်ရဲ့အမေက သားဖြစ်သူပြောတဲ့အတိုင်း ကျိုးရန်ကို အိမ်ကိုခေါ်ပြီးအိမ်စာချုပ်နဲ့ အမွေစာချုပ်တွေမှာ အတင်းအကျပ်လက်မှတ်ထိုး ခိုင်းမို့ပြင်ဆင်တော့တယ်။ သူတို့စကားပြောနေတုန်း အိမ်တံခါးပွင့်သွားပြီး အရက်စော်နံနေတဲ့ ချင်းဟိုင်ရဲ့အဖေဝင်လာခဲ့တယ်။
" မင်းတို့.... မင်းတို့သားအမိ ဘာပြောနေကြတာလဲ..."
ချင်းဟိုင်ကသူ့အဖေကို စိတ်ပျက်နေပြီး
" အဖေ ဒီနေ့ဘာဖြစ်လာပြန်ပြီလဲ ဒီမှာကျွန်တော်တို့ စိတ်ရှုပ်နေတာ "
"ဘာ...ဟက်....မင်းကစိတ်ရှုပ်တယ်တဲ့လား...ငါ့ရဲ့အလောင်းအစား ရှုံးလာတာကွ ငါထပ်ဘယ်.....ဘယ်သူကပိုစိတ်ရှုပ်မလဲ...ဟမ်.....အိမ်ပေါ်ထိုင်ပြီး အခန့်သား....နေနေပြီး "
ချင်းဟိုင်က သူ့အဖေကိုမျက်မှောင်ကြုတ်ပြီး စိတ်ပျက်သလိုနဲ့ သူ့အခန်းကိုဝင်သွားတယ်။ သူ့အမေကလည်း ရှေ့နေတစ်ယောက်ကိုဖုန်းခေါ်ပြီး စာချုပ်တွေလုပ်မို့ပြင်ဆင်နေတော့တယ်။
" ကုမင်း...."
" ဗျာ "
ယွင်လီရဲ့ခေါ်သံအဆုံးမှာ ကုမင်း အမြန်အခန်းထဲပြေးဝင်လာခဲ့တယ်။ သူ့ရဲ့ကိုယ်ပေါ်မှာ အေပရွန်ဝတ်စုံကြီးနဲ့ လက်မှာဟင်းချိုဇွန်းကြီးတစ်ချောင်းကိုင်ထားသေးသည်။ ယွင်လီကထိုပုံကိုမြင်တော့ အသည်းတွေနှလုံးတွေ အန်ထွက်မတတ်ရယ်တော့တယ်။
" ကိုယ့်ကိုအရမ်းတွေ သဘောကျနေတာပေါ့ ကိုယ့်လူဆိုးလေး "
ဇွန်းကြီးကိုချပြီး ယွင်လီရယ်လွန်းလို့ မျက်ရည်တွေဝေ့သီနေတာကို ပွတ်သုတ်ပေးသည်။ ထို့နောက်ပါးကိုနမ်းလိုက်ပြီး
" ဘာလို့ခေါ်တာလဲ အချစ်လေး ခဏကြာရင်စားဖို့အဆင်သင့်ဖြစ်ပြီ "
ယွင်လီကသူစားလက်စ အားလူးကြော်ထုတ်ကြီးကို ချထားလိုက်ပြီး သူ့ဖုန်းထဲကမက်ဆေ့တစ်စောင်ကိုပြတယ်။
" ချင်းဟိုင် အိမ်တော်ကိုပြန်လာဖို့ပြောထားတယ်။ သူတို့တောင်းပန်ချင်လို့တဲ့ အိမ်တော်ကကျွန်တော်ပိုင်တာပါတဲ့ ကျွန်တော်ဆင်းပေးစရာမလိုဘူးတဲ့ အဲ့ကြောင့်ပြန်လာပါလို့ပြောထားတယ်...ရယ်စရာကောင်းတယ်မလား "
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...