( 3.9 )

3.1K 386 20
                                    

|| Zawgyi ||

ယွင်လီ အောက်သက်သက်ပြုံးလိုက်ရတယ်။ သူကဆင်ခြေ၊ဆင်လက်ရှာတော့သည်။

" အင်း။ အဲ့ဒါအရင်တုန်းကပါ ကျွန်တော်သူ့ကိုမပြောခင် ခင်ဗျားကြီးမှအရင်မရောက်လာပဲနဲ့များ "

ကိုယ့်အပြစ်ကနေ သူ့အပြစ်ဖြစ်အောင်ပြောနိုင်တာ ငါတစ်ယောက်တည်းပဲ့ရှိတယ်လို့ ဂုဏ်ယူနေလေရဲ့။ ဇစ်ဇ် ကယွင်လီရဲ့ အကြောင်းပြချက်ကြောင့် အရမ်းကျေနပ်သွားလေတယ်။ သူကယွင်လီကို ပွေ့ချီလိုက်တယ်။

" ဟေး မကောင်းဆိုးဝါးကြီးဖယ်စမ်း "

ချက်ခြင်းထိုအခန်းထဲက အသံပေါင်းစုံထွက်လာရသည်။ စိတ်ပျက်စွာနဲ့ နန်းဆောင်ကထွက်လာတဲ့ ခရိနဲ့စာပေလိပ်တွေ သယ်ပြီးပြေးလာတဲ့ စကေးနဲ့သွားဆုံမိတယ်။ စာလိပ်တွေကအရမ်းကိုများတော့ သူ့မှာမနိုင်ပဲအောက်ကို ပြုတ်ကျတော့တယ်။

" ကိုယ်ကောက်ပေးရမလား "

ရုတ်တရက်မို့ စကားမပြောနိုင်သော စကေး " ! "

" စာကြည့်တိုက်ကိုသွားမလို့လား "

စကေးကဆိုသည်။

" ဟုတ်တယ်။ အရင်ကဆိုဟေးလီ တာဝန်လေ။ သူမရှိတော့ကျွန်တော်လုပ်နေရတာ "

ခရိ ကဟေးလီရဲ့နာမည်ကြောင့် သတိရမိသွားသည်။ သူကမျက်နှာများတဲ့ကောင်လေးတစ်ယောက်ပဲ။ သူ့(ခရိ)ကို အယုံသွင်းပြီး သူ့ဆန္ဒကိုဖြည့်ဖို့အတွက်ပဲ သူ့ကိုချစ်တယ်ပြောခဲ့တာ။ အပြင်ပိုင်းနဲ့အတွင်းပိုင်းက အရမ်းကွာခြားတယ်ဆိုတာကိုပေါ့။

သူကအရှေ့ကပစ္စည်းတွေတစ်ခုချင်း ပြန်ကောက်နေတဲ့စကေးကို ကြည့်မိလိုက်သည်။

** သူနဲ့တွန်နီကတော့ အဲ့လိုမဟုတ်ဘူး **

လေပြင်းတွေ တိုက်နေတဲ့ ဝါးတောကြီးတစ်ခုအတွင်း အနီရောင်မျက်လုံးတစ်စုံနဲ့အတူ ထိုမျက်လုံးကိုဝုန်းရံထားတဲ့ အမည်းရောင်အငွေ့တွေကလည်း ရှိနေခဲ့တယ်။ သူရှိနေတဲ့ ၁၀ မိုင်ပတ်လည်အတွင်းမှာ မကောင်းဆိုးဝါးအနံအသက်တွေက အပြည့်ဖြစ်နေခဲ့သည်။ ထိုမကောင်းဆိုးဝါး အရှေ့မှာတော့ ဟေးလီ ကရပ်နေခဲ့သည်။

Last Wish System (Arc.....)Where stories live. Discover now