( 3.11 )

1.6K 216 0
                                    

|| Zawgyi ||

ယွင်လီ အားရုံလွတ်နေတုန်းက 614 ဆီကကြားရတဲ့ သတင်းကြောင့်ဖြစ်တယ်။ သူဇစ်ဇ်ကို ထူးဆန်းစွာကြည့်လိုက်သည်။ ဇစ်ဇ်ကတော့ သူရဲ့အစွမ်းနဲ့ မြို့တော်ကို အလျင်အမြန်ရောက်စေတယ်။ နောက်မှသူ့ချစ်သူကိုမေးမည်လို့ စတေးထားလိုက်ပြီး လက်ရှိအဖြစ်အပျက်ကိုရင်ဆိုင်လိုက်ရသည်။

" WTF! !! ဒါမြို့တော်လား "

တွေ့နေရတာက မြို့ပျက်ကြီးလိုပဲ့ နေရာတိုင်းမှာအပျက်အစီးအပိုင်းအစတွေနဲ့သာ မြို့ထဲကလူတွေမှာ တစ်ခြားနေရာတွေကို ထွက်ပြေးတိန်းရှောင်သွားကြပြီဖြစ်တယ်။ အဖြစ်အပျက်တွေကရက်ပိုင်းလောက်အတွင်း ဖြစ်ပျက်သွားခဲ့တာ။ သူတို့ကကျန်ရှိတဲ့ လူတွေကိုမေးခွန်းနည်းနည်းမေးပြီး ပိုထိန့်လန့်သွားခဲ့ရတယ်။

" အဖိုးနဲ့စကေး.... သူတို့အန္တရာယ်ကင်းရမယ်...ကျွန်တော်သူတို့ကိုသွားတွေ့အုံးမယ်။  ဇစ်ဇ် ခင်ဗျား... "

" စိတ်မပူနဲ့ ကိုယ်ကမကောင်းဆိုးဝါးဘုရင်ကို သတ်ဖို့ရောက်လာတာ ဒါကိုယ့်တာဝန်ပဲ့ မင်းလေးသာဂရုစိုက် "

" အင်း... မင်းတို့နှစ်ယောက်...ဟေးလီကိုချုပ်ထား သူတစ်နာရီအတွင်း နိုးလာမှာမဟုတ်ဘူး။ သူ့ကို အကျဉ်းတိုက်ထဲပိတ်ထားအုံး "

ကောင်လေးနှစ်ယောက်က မေ့မျောနေတဲ့ဟေးလီကို တစ်ချက်ကြည့်ပြီးတာဝန်ကိုလက်ခံလိုက်တယ်။ သူတို့ကသစ္စာဖောက်တဲ့ ဟေးလီကိုအရမ်းရွံမုန်းနေသည်။

ကောင်လေးနှစ်ယောက် နဲ့ဟေးလီမြင်ကွင်းထဲကပျောက်သွားမှ ယွင်လီနဲ့ဇစ်ဇ် ဆန့်ကျင်ဘက်လမ်းတွေကိုထွက်လာကြတယ်။ ယွင်လီ ဒေသခံလူပြောတဲ့ အဖိုးကြီးနဲ့စကေးအပါအဝါ တစ်ခြားတမန်တွေလေးတွေကို ပိတ်လှောင်ထားတဲ့ နေရာကိုအပြေးအလွှားရောက်လာသည်။

သူရောက်နေတဲ့နေရာက နန်းတော်ထဲကစွန့်ပြစ်ထားတဲ့ ဟောင်းနွမ်းနေတဲ့ ရဲတိုက်ကြီးတစ်ခုရှေ့ကိုဖြစ်တယ်။ ဝင်ပေါက်တံခါးကြီးမှာ သွေးတွေနဲ့အချုပ်အနှောင် မကောင်းဆိုးဝါးဂါထာတွေနဲ့ ဖန်တီးထားတယ်။ သာမန်လူတွေဆိုဒီတံခါးနဲ့ အချုပ်အနှောင်ဂါထာတွေကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ ဒါမဲ့ယွင်လီက သာမန်လူမှမဟုတ်ဘဲ။ သူကညာလက်ကိုမြှောက်ပြီး မျက်လုံးမှိတ်လိုက်တာနဲ့ ရွှေရောင်အလင်းတန်းတစ်ချို့ လက်ကနေထွက်သွားပြီး တံခါးကိုရောက်သွားသည်။ တံခါးကချက်ခြင်းကန်ဖွင့်ခံလိုက်ရသလို ပွင့်ထွက်သွားပြီး သွေးအချုပ်အနှောင်ဂါထာတွေက အငွေ့မဲမဲတွေအဖြစ်ပျောက်ကွယ်သွားတယ်။

Last Wish System (Arc.....)Where stories live. Discover now