ကျိုးရန် ဘဝ ( Arc. 1.1 )

7.1K 711 4
                                    

|| Zawgyi ||

ကျောက်ယွင်လီ နိုးလာတော့တစ်ကိုယ်လုံး ကိုက်ခဲနေကာ ကိုယ်ကပူရှိန်းရှိန်းဖြစ်နေသည်။ ခက်ခက်ခဲခဲထထိုင်လိုက်ပြီး အခန်းကိုပတ်ကြည့်လိုက်တယ်။ အခန်းထဲမှာပစ္စည်းတွေမရှိပေ။ ကုတင်ခြေရင်းမှာLuggage နှစ်လုံးချထားသည်။ ကျောက်ယွင်လီ ဒီခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်တွေကို614 သုံးပြီးပြန်ကြည့်လိုက်သည်။

ဒီခန္ဓာကိုယ်နာမည်က ကျိုးရန် ဖြစ်သည်။ အသက် ၁၇နှစ်၊ ဒုတိယနှစ်တတ်နေသူဖြစ်သည်။ ကျိုးရန်မိဘတွေအရမ်းချမ်းသာပြီး ကျိုးရန်ကိုအရမ်းချစ်တယ်။ တနေ့သူ့မိဘတွေအလုပ်ခရီးသွားရင်း လေယာဉ်ပျက်ကျကာသေဆုံးသွားတော့တယ်။ ဒါမဲ့ကျိုးရန်အတွက် တသက်လုံးစားလို့မကုန်နိုင်တဲ့ အမွေတွေထားပေးခဲ့တယ်။ ကျိုးရန်မှာဆွေမျိုးတွေမရှိတော့ အိမ်ကအလုပ်သမားဟောင်း ဦးလေးမိသားစုကစောင့်ရှောက်ပေးခဲ့တယ်။

အဲ့ဒီဦးလေးဆိုတဲ့သူက သူ့မိသားစုကိုကျိုးအိမ်တော်ကိုပြောင်းခဲ့တယ်။ သူတို့ကအိမ်တော်မှာချမ်းသာတဲ့ သူတွေတတ်လုပ်တော့တယ်။ ကျိုးရန်ကဘာမှမပြော သူကတစ်ယောက်ထဲအထီးကျန်မှာ ကြောက်တယ်။အခုလိုလာနေပေးတာကိုတောင် ကျေးဇူးတင်နေသေးသည်။ ဦးလေးကြီးမှာ ကျိုးရန်နဲ့အသက်တူသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ချင်းဟိုင် သူကကျိုးရန် ချမ်းသာတာ ရုပ်ချောတာကိုမနာလိုပေ ဒါကြောင့်ကျိုးရန်ရဲ့ပိုက်ဆံတွေကို သုံးဖြုန်းပြစ်တယ်။ တခြားသူတွေရှေ့မှာတော့ ကြာပန်းဖြူလေးအသွင်ပေါ့

ကျိုးရန်မှာအတော်အသင့်ချမ်းသာတဲ့ ချန်လီကျင်း ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဒုတိယနှစ်ရဲ့king ပင်။ သူ့ကိုကျိုးရန် ကတိတ်တခိုးကြိုက်နေတယ်။ ချန်လီကျင်းကို ချင်းဟိုင်ကလည်းကြိုက်နေတယ်။ ချင်းဟိုင်က ချန်လီကျင်းနဲ့ကျိုးရန် ရင်းနှီးတာကိုမနာလိုပေ ဒါကြောင့်ချန်လီကျင်းအရှေ့မှာဆို အားနည်းဟန်ဆောင် ကျိုးရန်က အနိုင်ကျင့်တဲ့ပုံဖြစ်အောင် အမြဲဟန်ဆောင်ခဲ့တယ်။ ဒါမဲ့အစပိုင်းတော့ ချန်လီကျင်းမယုံပေ။

တနေ့ချင်းဟိုင်နဲ့ကျိုးရန် စကားပြောနေတာကို မတော်တဆနားထောင်မိသွားတယ်။ ဒါကိုချင်းဟိုင်ကမြင်သွားပြီး ဟန်ဆောင်ပန်ဆောင်မျက်ရည်များကျကာ ' ကျိုးရန် ငါကလေချန်လီကျင်းနဲ့ ရင်းနှီးချင်ရုံလေးပါ နင်တို့နှစ်ယောက်ကြားဝင်ရှုပ်တာ မဟုတ်ပါဘူး ဟင့် ' ဒီစကားတွေကိုကျိုးရန် နားမလည်ပေ။ ချင်းဟိုင်ကသူလုပ်ပုံပေါ်သွားမှာစိုးလို့ ကျိုးရန်ကိုစကားပြောခွင့်မပေးဘဲ ပိုပြီးငိုကာ ' နင်ချန်လီကျင်းကိုဆေးခပ်ပြီး နင်နဲ့ဇာတ်လမ်းဖန်တီးဖို့ စီစဉ်နေတာကိုငါမပြောပါဘူး ကျိုးရန် နင်တကယ်နင့်သူငယ်ချင်းကို ဒီလိုလုပ်မှာလား '
ကျိုးရန် စိတ်ဆိုးသွားသည်။ ဒါမဲ့သူမပြောရသေးခင် အကွယ်ကချန်လီကျင်းထွက်လာပြီး သူ့ကိုစက်ဆုပ်ရွံရှာကြောင်း ဆဲဆိုပြောသွားတော့တယ်။

Last Wish System (Arc.....)Where stories live. Discover now