( 2.6 )

4.5K 536 18
                                    

|| Zawgyi ||

ယွင်လီ ရေချိုးပြီးတော့ လန်းဆန်းသွားတယ်။ အားတွေလည်းပြန်ပြည့်သွားသည်။ အဟာရပြဘားမှာ နည်းနေတာတွေ့တာမို့ တစ်ခုခုသွားစားမလို့ အပြင်ထွက်လာတယ်။ အပြင်မှာ ဆူယွန်းနဲ့new နဲ့စားစရာတွေပြင်နေတယ်။ သူတို့ကယွင်လီကိုမြင်တာနဲ့ မရီး၅ ဆိုပြီးပါးစပ်ကမချတော့ဘူး။ သူတို့ကအဆင့်အတန်းမခွဲခြားဘူး။ သူတို့ကိုင်ထားတဲ့ လက်နက်၊နေတဲ့အိမ်၊အသုံးအဆောင်တွေကစ အရမ်းဈေးကြီးတယ် သူတို့ကချမ်းသာတဲ့လူတွေဘဲ့...

" မရီး၅ မြန်မြန်လာစားမယ်....ဟေ့ စားမယ်လာကြတော့"

New အော်သံအဆုံးလူတိုင်းထွက်လာကြတယ်။ အပြင်ဘက်ကနေဂျွန်ပြေးဝင်လာပြီး ယွင်လီကိုမြင်တာနဲ့ ခါးကိုသိမ်းကြုံးဖက်ပြန်တယ်။ ယွင်လီ မတွန်းထုတ်တော့ဘူး။ သူတို့ရင်းနှီးသွားပြီ သူတို့အဖွဲ့ကယွင်လီမပါဘဲ ၅ယောက်သာရှိတယ်။ ဂျွန်၊new၊happy သုံးယောက်ကတိုက်ခိုက်သူတွေ၊ ဆူယွန်းကဖန်တီးသူ၊ ဂျီအွန်းဟိုကကုသသူဖြစ်တယ်။

" မရီး၅ ကျွန်မမှာ new ရဲ့လက်နက်ကိုupdate မြင့်နေတာအမြူအတေတွေစုံပေမဲ့ မရဘဲဖြစ်နေတယ်။စားပြီးရင်တချက်ကြည့်ပေးပါဦး "

"အင်း"

သူတို့ကအပန်းဖြေဆော့ဝဲက အစားစာတွေစားကြတယ်။ ဝိုင်တောင်ပါသေးတယ်။ စားပြီးတော့ ယွင်လီ လက်နက်ကိုတချက်သာကြည့်ပြီး ပြန်ပြီးချိန်ပေးလိုက်တယ်။ လက်နက်ကချက်ခြင်း အဆင်မြင့်သွားပြီး...

[ တင်းတောင် ကစားသူNew၏မီးသေနက်မှာ နတ်ဘုရားအဆင့်သို့် ရောက်သွားပါပြီ။ ဂုဏ်ယူပါတယ် ]

"ဝါး....ကျေးဇူးပါဘဲ့ မရီး၅ကတော်တော်အဖိုးတန်တာဘဲ့ ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့်ကိုတောင်ရောက်သွားတာလဲ"

" ကျွန်တော့ကိုလည်း လုပ်ပေးပါဦး"

ဂျီအွန်းဟိုကဝင်ပြောတယ်။ ယွင်လီလက်ခံပြီး ခဏအကြာအဆင့်မြင့်လက်နက်အဖြစ်ကိုပြောင်းသွားတယ်။ အွန်းဟိုရဲ့လက်နက်က ပျော့တာမို့အရမ်းအားမစိုက်လိုက်ရဘူး။ ယွင်လီ ခေါင်းမော့လိုက်တော့သူ့အရှေ့က မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်နေတာမို့ လန့်တောင်လန့်သွားတယ်။ ဒါမဲ့ဂျွန်ကဝင်တားပြီး ယွင်လီ ကိုအနားပေးဖို့ပြောတယ်။ သူတို့ကအလိုက်တသိအပြင်ထွက်သွားတယ်။

Last Wish System (Arc.....)Where stories live. Discover now