( 1.2 )

6K 675 5
                                    

|| Zawgyi ||

ကျန်းကုမင်း ကအရမ်းချမ်းသာပြီး လူငယ်လုပ်ငန်းရှင်တစ်ဦးပင်။ ထိုအပြင်ကျောင်းကိုစဝင်ကတည်းက king နေရာရခဲ့ပြီး နောက်ဆုံးနှစ်ထိ uni ရဲ့king ဖြစ်နေတုန်းပင်။ ကျေက်ယွင်လီ အံ့ဩနေတုန်းသူတစ်ခုတွေးမိလိုက်တယ်။

နေပါအုံး ကျန်းကုမင်း ကဘာကိစ္စနဲ့ငါ့ကိုလာတွေ့တာလဲ။ အရင်ကျိုးရန်နဲ့ပတ်သက်မှုလည်း မရှိပါဘူး။

"ဟေ့ကောင်လေး "

"ဟမ် "

ကျောက်ယွင်လီ သတိဝင်လာပြီးကုမင်း ပေးတဲ့ဆေးလိပ်ကိုအမြန်ယူလိုက်တယ်။ သူကကုမင်းကို ငေးကြည့်ပြီးတွေးနေတာမို့ ရှက်ရှက်နဲ့ဖြစ်နေရသည်။ ထိုအပြင်ဆေးလိပ်သောက်ဖို့ မီးခြစ်တောင်ဖြောင့်အောင် မခြစ်နိုင်တဲ့အခြေအနေတစ်ခုထိပင်...

ကျောက်ယွင်လီ မှာကမ္ဘာပေါင်းများစွာဖြတ်သန်းရပေမဲ့ ဘယ်သူနဲ့ချစ်ခဲ့ဖူးသည်မရှိ သူ့ရဲ့နေစဉ်ဘဝအားလုံးကို system ကထိန်းချုပ်ထားသည်။ သူယခုလိုလူတစ်ယောက်ကြောင့် ရှက်ရသည့်ခံစားချက်မှာ ပထမဆုံးအကြိမ်ပင်။

"ဟဟ ရော့ ကိုယ်လုပ်ပေးမယ် "

ကုမင်း ထိုကောင်လေးကိုစားသောက်ဆိုင်မှာ သတိထားမိတယ်။ သူ့စိတ်ထဲကောင်လေးက တမူထူးခြားနေတာမို့လိုက်ကြည့်မိတယ်။ ကောင်လေးဆေးလိပ်ဝယ်တော့ မနိုင်ဘူးဆိုတဲ့အပြုံးပြုံးမိတယ်။ ကောင်ဆိုးလေးဘဲ့ ဆေးလိပ်ဝယ်မရတဲ့ပုံနဲ့ စူပုပ်ပြီးဆံပင်ကိုဖွကာ ပြန်ထွက်လာတဲ့ကောင်လေး။ ထိုကောင်လေးနောက်ကိုလိုက်ဖို့ စိတ်ထပ်ခြေလှမ်းတွေကမြန်နေခဲ့တယ်။ ကောင်လေးကတံတားလေးနား ရပ်နေတော့အခွင့်ကောင်းယူပြီး သောက်နေကျဆေးလိပ် တစ်လိပ်ကိုယူပေးလိုက်တယ်။ သူ့ကိုငေးကြည့်လာတဲ့ကောင်လေး အသံပေးလိုက်တော့ရှက်သွားသည်ထင် မီးခြစ်တောင်ဖြောင့်အောင် မခြစ်နိုင်တော့ပေ...

"အဆိုးလေး ဆေးလိပ်ဖြတ်လိုက်တော့ "

ကျောက်ယွင်လီ သူ့ကိုအမိန့်ပေးလာတဲ့ ကျန်းကုမင်း ကိုကြည့်လိုက်တယ်။သူ့ရဲ့ပုံစံက ခပ်ဆက်ဆက်လေးမို့ လေသံမာမာနဲ့

Last Wish System (Arc.....)Where stories live. Discover now