( 1.6 )

5.4K 622 0
                                    

|| Zawgyi ||

ကျောင်းအုပ်ကြီးက ယွင်လီ တစ်ယောက်ကိုသာ မဲပြီးဆူနေတယ်။ ယွင်လီက

" ဆရာကြီး ကျွန်တော့ကိုသူတို့က ဝိုင်းရိုက်တာ ကျွန်တော့ကကိုယ့်ကိုယ်ကို ကာကွယ်ယုံပါ ဘာလို့ကျွန်တော့ကိုဘဲဆူနေတာလဲ "

ဆရာကြီးနဲ့ တခြားဆရာတွေက အချင်းချင်းကြည့်လိုက်ပြီး ကျောင်းအုပ်က ချောင်းဟန့်ကာ လေသံမာမာဖြစ်

" မင်းက ငါ့ကိုဘက်လိုက်တယ်လို့ပြောချင်တာလား ဟမ် "

ဘက်လိုက်တာသိသာနေတာကို စကားထဲထည့်ပြောနေသေးတဲ့ ဆရာကိုယွင်လီ ရွံ့လာသည်။ ချင်းဟိုင်နဲ့တခြားကောင်တွေကို ဘာလို့မပြောတာလဲ သိသာနေတာဘဲ့ ချင်းဟိုင်ရဲ့အပေါင်းအသင်းတွေက အခြေအနေတစ်ခုစီအထိ ချမ်းသာကြပြီး ကျောင်းကိုပံ့ပိုးနေတဲ့သူတွေထဲပါသည်။ ချင်းဟိုင်ကလည်း ကျိုးရန်ရဲ့ငွေတွေနဲ့ ကျောင်းကိုလာဘ်ထိုးထားကာ သူ့အဆင့်တွေကိုအမြင့်ဆုံးဖြစ်အောင် လုပ်ပေးဖို့ပြောထားသေးသည်။

" ကျွန်တော့မှာ မိဘမရှိဘူး "

ကျောင်းအုပ်ကြီးက အထင်သေးဟန်နဲ့ ကြည့်ပြီးဖုန်းကိုဆက်လိုက်တယ်။ သူကချင်းဟိုင်အစား အိမ်ကိုဆက်ပေးတာပင်။ ဖုန်းပြောတော့ ကျောင်းအုပ်ကြီးရဲ့အသံကို ယွင်လီကိုဆူတဲ့ အသံနဲ့တခြားစီသာ...

"မြန်မြန်ခေါ်လိုက်...ငါကတခြားမိဘတွေကို နင့်အစားတောင်းပန်ခိုင်းရမှာလား "

ကျောက်ယွင်လီ ဘယ်သူ့ကိုခေါ်ရမလဲ မသိတာမို့တွေတွေလေးထိုင်နေပြီး သူ့အရှေ့ကကြွဲပဲနေတဲ့ ကောင်တွေကိုကြည့်နေလိုက်တယ်။ ခဏလောက်ကြာတော့ တန်ဖိုးကြီးအဆင်တန်စာတွေကို ဝတ်ဆင်ထားတဲ့ သူတို့မိဘတွေရောက်လာကြပြီး အပိုလုပ်ကာစိုးရိမ်ပြတော့တယ်။

" မင်းလိုကောင်က ငါ့သားလိုအဖိုးတန်လေးကို ဒီလိုဖြစ်အောင်လုပ်တယ်ပေါ့ တရားစွဲမယ် "

" ဟုတ်တယ်...ဒီလိုအရွယ်လေးနဲ့ ဆိုးသွမ်းနေတာ သေချာပေါက်ပျက်စီးနေတဲ့ ကျောင်းသားဘဲ့ "

" ဒီထပ်စိတ်မနှံတာဖြစ်မယ်...ခုချက်ခြင်းဒူးထောက် တောင်ပန်စမ်းဒါဆိုထောင်ထဲမှာ နေရတဲ့ရက်လျော့အောင် အလျော့ပေးမယ် "

Last Wish System (Arc.....)Hikayelerin yaşadığı yer. Şimdi keşfedin