( 3.12 ) တွန်နီ ဘဝ end.

1.9K 240 2
                                    

  || Zawgyi ||

အနောက်ကနေ ရပ်နေကြတဲ့လူတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ရသည်။ သူတို့ကယွင်လီနဲ့ဇစ်ဇ်ရဲ့ ပတ်သက်မှုကြားဝင်မနှောင့်ယှက်သင့်ဟုတွေးပြီး ဘာတစ်ခွန်းမှ ဝင်မပြောကြတာဖြစ်တယ်။ ရုတ်တရက်ဇစ်ဇ်က ယွင်လီကိုဓားမြှောင်နဲ့ ထိုးလိမ့်မည်လို့ ဘယ်သူမှမထင်ထားခဲ့။

ယွင်လီ နာကျင်မှူဒဏ်ကြောင့် မြေပြင်ပေါ်လဲကျသွားတော့ ဇစ်ဇ်ကရယ်နေခဲ့တယ်။ ယွင်လီကနောက်ဆုံးတော့ သိရှိသွားသည်။

" ဟေး....လီ "

ဇစ်ဇ်ကအရယ်ရပ်သွားပြီးနောက် သူ့ပုံကတဖည်းဖြည်းပြောင်းလဲလာတယ်။ အရပ်အနည်းငယ်ပုသွားပြီး မျက်နှာကလည်းသေးလာသည်။ ထိုအပြင်ဖြူဖတ်ဖတ်မျက်နှာအဖြစ်လို့ပြောင်းလဲသွားသည်။ သူ့ရဲ့လက်တွေ၊ခြေတွေကလည်း သေးသွယ်လာသည်။ သူကအမှန်တကယ်ကို ဇစ်ဇ်မဟုတ်ခဲ့ဘူး။ သူကဟေးလီဖြစ်နေခဲ့တယ်။

" ငါမင်းတို့ကိုမနိုင်တော့ဘူး ထင်နေတာလား။ မင်းတို့ငါ့ကိုသိပ့်အထင်သေးတာပဲ့။ ငါပူးပေါင်းထားတာက မကောင်းဆိုးဝါးဘုရင်ကြီးကွ သူကငါ့ကိုဝှက်ဖဲလေးတွေပေးထားတယ်လေ ငါကမင်းရဲ့နတ်ဘုရားကြီးပေးတဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမဲ့ ငါ့ရဲ့နောက်ဆုံးပိတ်အဖြစ်သိမ်းထားတဲ့ ရုပ်ပြောင်းရုပ်လွဲနီးနဲ့ မကောင်းဆိုးဝါးဘုရင်ပေးထားတဲ့ အသက်ကယ်ပစ္စည်းကိုသုံးလာတာ ဘယ်လောက်အံ့ဩဖို့ကောင်းလဲကွာ .... ငါမင်းကိုသတ်နိုင်ပြီလေ.... "

ယွင်လီအသက်ကိုခက်ခဲစွာရူနေရတယ်။ စကေးဟာ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ချက်ခြင်းယွင်လီကိုထူပေးထားတာဖြစ်တယ်။ သူ့အနားမှာ ခရိကလည်းရပ်နေခဲ့တယ်။

" ဟေးလီ မင်းရက်စက်မှုတွေက အတောမသတ်နိုင်အောင် များပြားတာပဲ့ "

ဟေးလီကခရိကိုကြည့်လိုက်သည်။

" ခရိ ကျွန်တော်ခင်ဗျားကိုအရမ်းသဘောကျခဲ့တာ..... "

ဝှန်း...... ဘန်း...

လေတိုးသံတွေနဲ့အတူ တံခါးမကြီးကနောက်တစ်ကြိမ် ကန်ဖွင့်ခြင်းခံလိုက်ရပြန်တယ်။ သူတို့တံခါးဝကလူကို စေ့စေ့တောင်မကြည့်ရသေးဘူး။ တံခါးဝကလူရိပ်မှာပျောက်သွားပြီး စကေးပွေ့ဖက်ထားတဲ့ ယွင်လီကိုယ်ဟာ လင့်လပ်သွားသည်။ အားလုံးအံ့ဩထိတ်လန့်နေတုန်း အပျော်ကြီးပျော်နေတဲ့ ဟေးလီရဲ့လည်ပင်းတွေအညစ်ခံလိုက်ရကာ လေပေါ်တန်းလမ်းမြှောက်တတ်သွားသည်။ ဘယ်သူလုပ်နေမှန်းတစ်ယောက်မှမတွေ့ရဘူး။

Last Wish System (Arc.....)Where stories live. Discover now