( 1.3 )

5.9K 664 8
                                    

|| Zawgyi ||

ကျောက်ယွင်လီ မျက်ခုံးပစ်လိုက်တယ်။ ဒီလူဗလိုင်းကြီး သူ့ဘက်ကပါနေတာဘဲ့။ ဒါလဲတစ်မျိုးကောင်းတာဘဲ့လေ ။ ကျောက်ယွင်လီ ချင်းဟိုင်ကိုကြည့်ကာ မဲ့ပြုံးပြုံးပြီးထွက်သွားတော့တယ်။ ကျန်းကုမင်း ကသူ့နောက်ကနေကပ်ပြီးပါလာသည်။

" ကိုယ့်ကားနဲ့သွားမယ် "

"အင်း "

ကျောက်ယွင်လီ ကားအနားရောက်တော့ ကုမင်းကကားတံခါးတောင် ပြေးဖွင့်ပေးလိုက်သေးသည်။ အထဲရောက်တော့ ကျောက်ယွင်လီ ကားအတွင်းပိုင်းကိုလေ့လာနေသည်။ သူကစက်ပစ္စည်းတွေနဲ့ ကစားရတာကြိုက်တဲ့သူလေ.. ထိုအချိန်နီးကပ်လာတဲ့ ကိုယ်တစ်ခု ယွင်လီနှာခေါင်းနားက ထူးခြားတဲ့ရနံလေးရလိုက်တယ်။ထိုအနံက သာမန်နဲ့လည်းမတူချေ။ ရေမွှေးနံလည်းမဟုတ်ဘဲ တမူထူးခြားတဲ့ကိုယ်သင်းရံလေးပင်။ ယွင်လီ ကားကိုစပ်စုနေတာမို့ ကားခါးပတ်မတတ်ရသေး ဒါကြောင့်ကုမင်းက အနားကပ်လာပြီးတပ်ပေးသည်။

ကျောက်ယွင်လီ ဒီကိုယ်သင်းရနံလေးကို အရမ်းရင်းနှီးနေတာမို့ တွေးနေတုန်းရယ်သံလွင့်လွင့်လေးကြားလိုက်ရတယ်။ ယွင်လီ သတိဝင်လာတော့ သူ့လက်တွေကကုမင်း အကျီ င်္ကော်လံစကိုဆွဲထားပြီး ကုမင်းလည်ပင်းနားဝင်ကာ ခွေးတစ်ကောင်လိုအနံခံနေသည်။

"အဟင်...အဟင် တောင်းပန်ပါတယ် "

ကျောက်ယွင်လီ အပြင်မှာတော့ဘာမှမဖြစ်တဲ့ပုံနဲ့ ရုပ်တည်ကြီးနေလိုနေပေမဲ့ စိတ်အတွင်းမှာတော့ ရှိသမျှပစ္စည်းတွေပေါက်ခွဲပြီး ရှက်ရှိန်ကိုဖြေနေသည်။ ကုမင်း ထိုကောင်လေးကိုကြည့်ရင်း အူယားလာတာမို့ အနီးကိုပိုတိုးကပ်သွားပြီး နှုတ်ခမ်းကိုအတင့်ရဲစွာနမ်းလိုက်တယ်။ ကျောက်ယွင်လီ ဦးနှောက်ထဲတဝှီးဝှီးနဲ့ သတိပေးအချက်ပြသံတွေ ပေါ်သွားကာ ကုမင်း ကိုကြောင်ကြည့်လိုက်တယ်။ ကုမင်းကပြန်ခွာလိုက်ပြီး

"ကိုယ်တောင်းပန်ပါတယ် မင်းလေးကချစ်ဖို့ကောင်းတော့ မထိန်းနိုင်ဖြင့်သွားတာ "

ကျောက်ယွင်လီက ရင်ထဲကသွေးတွေယိုစီးလာပြီး
** ဒီလောက်တောင် ပွင့်လင်းရလား **

Last Wish System (Arc.....)Opowieści tętniące życiem. Odkryj je teraz