( 4.5 )🚨

2.1K 187 35
                                    

|| Unicode ||

ယွင်လီ တစ်ယောက်မျက်နှာပေါ် နွေးနေလို့ပိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။ မနက်ခင်းတောင်ရောက်သွားပြီပဲ့။ သူ့ရဲ့မျက်လုံးတွေက ဖွင့်လို့သိပ်အဆင်မပြေဘူးဆိုတာ သိလိုက်သည်။

ငါမနေ့ညက အရမ်းဝမ်းနည်းပြီး အများကြီးငိုမိခဲ့တာပဲ့။

လက်ကိုမြှောက်တင်လိုက်ပြီး သူ့အပေါ်ကျနေတဲ့ နေရောင်ကိုကာထားလိုက်သည်။ ထို့နောက်အခန်းတံခါးပွင့်လာပြီး ထန်းရှီကစွပ်ပြုတ်ပူပူလေးတစ်ခွက်နဲ့အတူ ဝင်လာခဲ့သည်။ ကောရှီ ကလည်းအနောက်ကနေ ကပ်ပါလာသည်။

ထန်းရှီ " ယွင်လေး နိုးပြီဆိုတာသိတယ်။ ကိုကို ခေါင်းဆွဲနဲ့ကြက်သားစွပ်ပြုတ်လေး လုပ်လာပေးတယ်။ "

ကောရှီက ယွင်လီ နဘေးကိုလာထိုင်ပြီးနောက် အရှေ့မှာဝဲကျနေတဲ့ ဆံနွယ်ပါးလေးတစ်ချို့ကို သက်တင်ပေးလိုက်ပြီး

ကောရှီ " ယွင်လေး မနေ့ကဘာလို့ငိုတာလဲဟင် ကိုယ်တို့ကိုပြောပြလို့ရရင် ပြောပါလား။ အကယ်လို့ ယွင်လေးမပြောချင်ရင် ကိုယ်တို့အတင်းမမေးပါဘူး "

ရုတ်တရက်ယွင်လီ နှာခေါင်းကစပ်ဖြင်းဖြင်းဖြစ်သွားပြီး အရမ်းကိုငိုချင်စိတ်တွေ ပြန်ပေါ်လာခဲ့သည်။ အရင်ဘဝကပထမဆုံးအခက်အခဲတစ်ချို့ဖြစ်ပြီး ငိုခဲ့ဖူးတယ်။ အခုလိုနွေးထွေးတဲ့အသံနဲ့လည်း မေးခဲ့ဖူးတယ်။ ထပ်ပြီးကြားရလိမ့်မယ် မထင်ထားခဲ့ဘူး။

ထန်းရှီ " ယွင်လီလေး မပြောချင်မပြောပါနဲ့ "

ထန်းရှီက စွပ်ပြုတ်ပန်းကန်ကို ချထားလိုက်သည်။ ယွင်လီရဲ့ ငိုမဲ့မဲ့ထပ်ဖြစ်နေတဲ့ပုံကြောင့် ကောရှီနဲ့ထန်းရှီ နှစ်ယောက်လုံးပြာယာခက်သွားရသည်။

" ဘာမှမဖြစ်ပါဘူး...ကျွန်တော် အရင်ကအကြောင်းတစ်ချို့ကို သတိရသွားလို့လေ "

ထန်းရှီ " အရင်ကအကြောင်းလား...ယွင်လေး မိဘတွေကိုလား "

ဟုတ်တယ်။ သူတို့က ငါကြုံခဲ့ရတာတွေကို ဘယ်လိုမှမသိနိုင်ဘူး။

ယွင်လီ ခေါင်းကိုအသာလေးခါပြလိုက်သည်။

" ကျွန်တော်လေ အိပ်မက်အရှည်ကြီးတစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ထဲမှာ ကောတို့နှစ်ယောက် ယွင်လီကိုထားသွားတယ်တဲ့ ယွင်လီ တစ်ယောက်ထဲ အထီးကျန်တဲ့ ဘဝပေါင်းများစွာကို တစ်ယောက်ထဲ.... တစ်ယောက်ထဲ ခက်ခက်ခဲခဲဖြတ်သန်းရတယ်တဲ့ "

You've reached the end of published parts.

⏰ Last updated: Jan 31, 2022 ⏰

Add this story to your Library to get notified about new parts!

Last Wish System (Arc.....)Where stories live. Discover now