|| Zawgyi ||
" ဘယ်လို "
ဝူယောင်းနဲ့တခြားသူတွေ အလန့်တကြားဖြစ်သွားတယ်။ ဟုတ်တယ်လေ ယူဂျင်မရှိရင် သူတို့ရဲ့ဘဏ်တိုက်ကြီး မရှိတော့မှာ။ ဒါကိုတော့ဘယ်သူမှထုတ်မပြောပေမဲ့ စိတ်ထဲမှာတွေးနေကြတယ်။
" မင်းတို့ကသနားလို့ အဖွဲ့ထဲလက်ခံထားတာမလား သနားစရာမလိုဘူး ငါအဖွဲ့ထဲကထွက်ပြီ "
" တယောက်ထဲဆို အန္တာရယ်များတယ် "
ဝူယောင်းအပြောကို ဆွန်းဂျူ မကျေနပ်ဖြစ်သွားတယ်။ ဆွန်းဂျူ စိတ်ထဲမှာတော့ ယူဂျင်ကိုအမြန်ဝူယောင်းအရှေ့က ပျောက်ကွယ်သွားစေချင်တယ်။ သူတစ်ယောက်ထဲဆို အပြင်မှာသားရဲတွေကိုက်သေသွားမယ်လို့ တွေးပြီးယူဂျင်ကပြင်လွဲပြီး တစ်ခြားသူတွေကိုစာပို့လိုက်တယ်။ ဒါကြောင့်ယူဂျယ်ဟီး ဝမ်းသာအားရနဲ့
"ကောင်းပြီ မင်းကသေချင်မှတော့ ငါတို့တားမနေဘူး "
ယွင်လီ အဖွဲ့ဝင်တာကို cancel လိုက်တယ်။ နောက်တော့သူလှည့်မကြည့်တော့ဘဲ တစ်ချိုးထဲထွက်သွားတော့တယ်။ ယွင်လီ ထွက်သွားတာကိုဝူယောင်းနည်းနည်းစိတ်မကောင်းဖြစ်တယ်။ ဒါမဲ့နဘေးက ဆွန်းဂျူ မှာရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ပုံလုပ်ပြီးအနားတိုးကာ မင်္ဂလာဦးကြဖို့ပြောတာမို့ စိတ်တွေပြောင်းသွားပြီး ဂျိန်းကြတော့တယ်။ သူတို့ကအဓိကဇာတ်ဆောင်တွေဖြစ်တာမို့ အိပ်ရာဝင်စွမ်းရည်ရှိကြပြီး ဆော့ဝဲမှာဘယ်သူမှမရသေးတဲ့ တတိယအဆင့်အသက်ကယ် သလင်းကျောက်ကြီးကိုရသွားတယ်။
" 614 အနီးမှာလင်းယုန်ငှက် ဘယ်နားမှာရှိလဲရှာ "
" တင်း...မြောက်ဘက်တစ်မိုင်ကျော်က ရေကန်နားမှာရှိပါတယ် host "
ယွင်လီ သံချောင်းလက်နက်ကို ဓားနှစ်ဖက်ချွန်ပုံပြောင်းလိုက်ပြီး မြောက်ဘက်ကိုပြေးထွက်သွားတယ်။ အနားရောက်တာနဲ့ လင်းယုန်ကြီးကိုအရင်ဆုံး ဓားတဲ့တိုက်ခိုက်တယ်။ လင်းယုန်ကနှုတ်သီးကြီးနဲ့ ဆွဲကုတ်ပြီးလက်သည်းကြီးနဲ့ ခြစ်တယ်။ သူကလည်းခံနိုင်ရည်မြင့်တဲ့ ငှက်သားရဲတစ်ကောင်ဘဲ့ မိနစ်နှစ်ဆယ်မပြည့်တပြည့်လောက်မှ သားရဲကိုသက်နိုင်သွားတယ်။ ဒါတောင်ထိုသားရဲက ပျံပြေးတာမို့မြှားသုံးကာ ပြစ်ချရသေးတယ်။
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...