( 4.3 )

1.7K 219 31
                                    

|| Unicode ||

" ကိုယ် ယွင်လေးကိုမွေ့ယာဝယ်ပေးဖို့ မေ့နေတာ ကိုကိုတို့နဲ့လာအိပ်ပါလား "

ဒါတကယ် ကြောက်စရာကြီးပဲ့ ယွင်လီမလိုက်ချင်ဘူး။ ဒါမဲ့လိုက်သွားရင်ကောင်းမဲ့အချက်တွေ အများကြီးပဲ့။ အန်းယွီ သွေးအန်လောက်အောင် မနာလိုဖြစ်လိမ့်မယ်။ သူလည်းအိပ်ယာမရှိတဲ့ ကုတင်မှာမအိပ်နိုင်ဘူး။ နောက်ပြီးကောရှီနဲ့ ထန်းရှီတို့ဆီကနေ သူ့ချစ်သူရဲအငွေ့ အသက်လေးတွေရတယ်လေ။

" အွန်း...လိုက်လာမယ်လေ အရင်အဝတ်တွေဝတ်အုံးမယ်... "

ကောရှီက အင်းလို့ပြောပြီးတံခါးကိုမျက်နှာမှုကာ ထွက်သွားသည်။ ယွင်လီလည်း ကောရှီ အတည်ထွက်သွားပြီ အထင်နဲ့သပတ်လေး ချွတ်ပြီးအဝတ်တွေရှာတော့တယ်။ သူ့ရဲ့ခါးကိုလာထိတဲ့ အနွေးဓာတ်ရှိနေတဲ့ လက်တစ်ဖက်ကြောင့် လန့်သွားပြီး လက်သီးသေးသေးလေးနဲ့ နီးနေရာထိုးလိုက်တော့သည်။
လက်ကအကျင့်ဖြစ်နေတဲအတိုင်း တစ်ဖက်လူကိုထိုးလိုက်ပြီးမှ

" ကော....ကောကိုကို ကိုကိုထွက်သွားပြီထင်နေတာ အရမ်းနာသွားလား "

ဘယ်သူထင်မလဲ ကောရှီ နှာခေါင်းကနေသွေးတွေထွက်လာမယ်ဆိုတာ။

" အား...အဆိုးလေး ကြမ်းလိုက်တာကွာ။ ကိုယ်က ဒီတိုင်းခါးလေး.... အားရား "

ယွင်လီ အတွင်းခံဘောင်းဘီလေး ကောက်စွပ်သွင်းရင်းနဲ့

" ကောကိုကိုကသာ ယွင်လီကိုလန့်အောင် လုပ်တာလေ "

" ဟုတ်ပါပြီ ကိုယ်တောင်းပန်ပါတယ်နော် ဆက်ဝတ်...ဆက်​ဝတ် "

ကောရှီ နှာခေါင်းသွေးလျှံသွားတာကို ယွင်လီစိတ်မကောင်း​​ဖြစ်မိသွားတယ်။ ေကာရှီက 614 စကားအရဆို သူ့ချစ်သူဖြစ်နိုင်ချေများတယ်လေ။

ယွင်လီ စိတ်မကောင်းဖြစ်နေပေမဲ့ ကောရှီ ကတော့သူဘာကြောင့် နှာခေါင်းသွေးလျှံတာလဲဆိုတာ သူကိုယ်တိုင်သာသိသည်လေ။

ကိုယ့်ညီလေးတစ်ယောက်လို သဘောထားတဲ့ကလေးတစ်ယောက်ကို မကောင်းတဲ့စိတ်တွေဝင်နေမိတာပဲ့။ ယွင်လီ အဝတ်လဲပြီးတာနဲ့ ကောရှီ နဲ့အတူတစ်ဖက်လူရဲ့ အိပ်ခန်းကိုလိုက်ခဲ့တယ်။

Last Wish System (Arc.....)Where stories live. Discover now