ကင်ယူဂျင်ဘဝ [ အွန်လိုင်းပေါ်က အပန်းဖြေစခန်း Arc.( 2.0 ) ]

5.3K 528 3
                                    

|| Zawgyi ||

ကျောက်ယွင်လီ မျက်လုံးတွေဖွင့်လိုက်တော့ လူဆိုပေမဲ့ကာတွန်းဆွဲထားသလိုဖြစ်နေတဲ့နေရာမှာ သူတို့လက်ထဲမှာဓားတွေ တုတ်တွေနဲ့...လူတစ်ယောက်ကသူ့အနားပြေးလာပြီး

" ကင်ယူဂျင်...နိုးလာတာကောင်းတယ်။ ငါတို့မင်းကိုစခန်းထိ သယ်မသွားနိုင်ဘူး....."

ယွင်လီ ဂိမ်းထဲရောက်နေတာလားဆိုပြီးတွေးလိုက်တယ်။ ဒါမဲ့တိုက်ခိုက်ရေးဂိမ်းတွေနဲ့လည်း မတူတာမချေ။ ဘာလို့ဆိုလက်နက်တွေသာကိုင်ထားပေမဲ့ ဝတ်စုံတွေကကမ်းခြေမှာ အပန်းဖြေစခန်းထွက်လာသလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ယွင်လီ မှတ်ဥာဏ်ရှာမလို့လုပ်ပေမဲ့ နည်းနည်းကြည့်ကောင်းသလိုရှိတဲ့လူတစ်ယောက်က

" ယူဂျင် ရရဲ့လားကွာ...ကိုယ်စိတ်ပူသွားတာဘဲ့ "

ထိုလူအသံကြောင့် ယွင်လီ မျက်မှောင်ကြုတ်လိုက်တယ်။ လူကစိတ်ပူသလိုလာပြောနေပေမဲ့ သူ့မျက်နှာနဲ့အသံက စိတ်ပျက်မှုတွေနဲ့ သူကယွင်လီကိုဆွဲထူပြီး ထွက်သွားတယ်။ သူတို့ခြေတံရှည်အိမ် တစ်ခုဆီကိုရောက်သွားတယ်။ ယွင်လီနေရာတွေကြည့်နေတယ်။ လုံးဝကိုဂိမ်းတွေလိုပင်...စောနားကလာပြောတဲ့လူက

" ယူဂျင် နားလိုက်အုံး ကိုယ် ဂျူ လေးနဲ့စကားသွားပြောအုံးမယ် "

"အင်း..."

ယွင်လီ ပြန်ပြောတာကို ထိုလူကမယုံနိုင်တဲ့ပုံနဲ့ ကြည့်ပြီးထွက်သွားတယ်။ ယွင်လီ တိတ်ဆိတ်တဲ့နေရာကိုရှာပြီး 614 ကနေမှတ်ဥာဏ်တစ်ချို့ကို ကြည့်လိုက်တယ်။ သူဝင်နေတဲ့လူက ကင်ယူဂျင် ဖွံဖြိုးကာစK နိုင်ငံကပင်။

ယူဂျင် အသက်က ၂၅ နှစ်ချမ်းသာတဲ့လူကုံထုံတစ်ယောက် သူကနေ့စဉ်ကုမ္ပဏီ အလုပ်တွေပိလျက်ရှိတယ်။ သူကအလုပ်ကပြင်လွဲပြီး တစ်ခြားဘာကိုမှမလုပ်တတ်။ သူ့ကိုလိုက်ပိုးပန်းနေတဲ့ လူတစ်ယောက်ရှိတယ် ထိုလူနာမည်က မင်ဝူယောင်း သူကသိပ်ပြီးမချမ်းသာချေ။ ယူဂျင်အနားကပ်တာ ငွေကြောင့်ဖြစ်တယ်။ သူတို့နိုင်ငံက အခုမှဖွံဖြိုးဆဲနိုင်ငံဖြစ်သလို လူတိုင်ကကြိုးကြိုးစားစားနဲ့ သူတို့လုပ်ငန်းတွေကို ဝင်ဆံအောင်ကြိုးပန်းနေကြတဲ့အချိန်ပင်...ဒီအချိန်မှာ ငွေကအရေးကြီးဆုံးဘဲ့။ ယူဂျင်က မင်ဝူယောင်းလိုဇယားရှုပ်ပြီး မျက်နှာများတဲ့လူကိုမကြိုက်...

Last Wish System (Arc.....)Where stories live. Discover now