( 4.4 )

1.1K 141 4
                                    

|| Unicode ||

" ယွင်လီ မင်းဒါဘာကိုပြောတာလဲ....ငါ့ကိုအောက်မှာအိပ်စေချင်တာလား "

ယွင်လီက မျက်လုံးကိုအပေါ်လှန်တင်ကြည့်ပြီး

" အင်း...အန်းယွီ ငါတို့အရေးကြီးကိစ္စဆွေးနွေးနေတာ အပိုလူမလိုအပ်ဘူး။ ဟုတ်ပြီလား "

အန်းယွီ ရဲ့မျက်နှာက ဒေါသကြောင့်နီရဲလာပြီး အသက်ရှူသံပြင်းပြင်းတွေရှူသွင်းနေတာမို့ နှာခေါင်းကပွပွကြီးနဲ့ ဖြစ်နေတယ်။

" ငါ့ကို အပိုလူလို့ပြောလိုက်တာလား ကိုကိုထန်း အကိုတို့ကြည့်ပါလား ဒါယွီလေးကိုသက်သက်ပြောတာပဲ့ ယွီလေး ကိုကိုတို့အတွက် ဘာမှအထောက်အကူ ​မဖြစ်တာသိပါတယ် ဒါမဲ့ဒီလိုတော့ မပြောပါနဲ့လား "

ယွင်လီ ကရှန်ညီအကိုကို တစ်ချက်စီဝေ့ကြည့်လိုက်ပြီး အိပ်ယာပေါ် တက်အိပ်လိုက်တယ်။ ထို့နောက် သူ့ရဲ့လက်တော့ကို ဖွင့်ပြီး အန်းယွီ ဘာပြောပြောဂရုမစိုက်တဲ့ပုံဖမ်းလိုက်သည်။

ဟက်... ငါနာမည်ကျောက်ယွင်လီတဲ့ ငါရှင်သန်လာရတဲ့ ကမ္ဘာပေါင်းမရေထွက်နိုင်အောင်ရှိတယ်။ မင်းလောက်ကတော့ ပမွှားလေးပဲ့...

အိပ်ယာပေါ် ကယွင်လီကို ကြည့်နေတာများ သူ့အကြည့်တွေက မီးလောင်နိုင်တယ်ဆို ယွင်လီခမျာ ပြာကျနေလောက်ပြီဖြစ်တယ်။ ထန်းရှီနဲ့ကောရှီ ဘာပြောလို့ပြောရမယ်မသိ ဖြစ်နေတုန်း ယွင်လီဆီကနေ မကျေနပ်သံနဲ့ ခပ်တိုးတိုးရေရွတ်သံထွက်လာခဲ့သည်။

" ကိုကိုထန်း တဲ့လား။ တော်တော်ရင်းနှီးနေကြတာပဲ့ "

ထန်းရှီက ချက်ခြင်းပါးစပ်ဟောင်းသွားပြီး အန်းယွီကို ကြည့်လိုက်သည်။

သွားပြီ။ ငါယွီလေးကို ဒီလိုခေါ်ခွင့်မပေးလိုက်သင့်ဘူး။

သူသက်ပြင်းချနေတုန်း သူ့ညီဖြစ်တဲ့ ကောရှီကိုကြည့်တော့ ' ကိုယ့်ကိစ္စ ကိုယ်ရှင်း ' ဆိုတဲ့ရုပ်နဲ့စပ်အဖြီးဖြီးပြုံးပြီး လှမ်းကြည့်နေခဲ့တာဖြစ်သည်။

" အဟင်... ဟို...ယွီလေး ကိုယ်တို့အခုအားမယ်မထင်သေးဘူး။ တမိုနဲ့ ယုတုန် တို့ကိုအကူအညီသွားတောင်းလိုက်လေ "

Last Wish System (Arc.....)Where stories live. Discover now