( 1.10 ) ကျိုးရန်ဘဝ end

5.5K 634 34
                                    

|| Zawgyi ||

ယွင်လီက တစ်ကယ်မမေ့တာမို့ သူ့ကိုဘာလုပ်နေတယ်ဆိုတာသိနေသည်။ သူ့ကိုလူတစ်ယောက်က ပုခုံးပေါ်ထမ်းတင်ပြီး ခုံပေါ်မှာကြိုးနဲ့ချည်လိုက်တာကို ခံစားမိတယ်။ သူ့ရဲ့လက်နဲ့ခြေထောက်ကိုပါ ကြိုးတုတ်ထားပုံအရ သူတိုက်ခိုက်မှာကိုတော်တော်စိုးရိမ်နေလို့ဖြစ်မည်။

" သူ့ကိုနှိုးလိုက် "

ချင်းဟိုင် အသံကြားတော့ ရုတ်တရက်ကြီး သူ့ခေါင်းပေါ်ကနေအေးစိမ့်နေတဲ့ ရေခဲရေတွေအလောင်းခံလိုက်ရတယ်။ ဒီလိုမှန်းသိရင် ယွင်လီ နိုးလာတဲ့ပုံလုပ်လိုက်ပါတယ်။ အခုတော့ သူချမ်းနေရပြီ...သူ့အရှေ့မှာ ကင်မရာတစ်လုံးချိန်ထားပြီး ချင်းဟိုင်ကလက်မှာပုလင်းတစ်ခုကို ကိုင်ပြီးအနားရောက်လာတယ်။

" ဒါက အက်စစ်ဘဲ အရမ်းကိုပြင်းတဲ့အက်စစ်နော် ဒါနဲ့သာမင်းရဲ့မျက်နှာလှလှလေးကို လောင်းလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ..."

ယွင်လီ အေးစက်စက်ပြုံးလိုက်တယ်။ ဘာလို့ဆိုသူအခုအရမ်းအေးနေပြီလေ...

" ချင်းဟိုင် မင်းတော်တော်လောဘကြီးတာဘဲ့ ငါ့အိမ်တော်ကိုမင်းတို့အပိုင်စီးထားတယ်။ ငါ့ရဲ့ပိုက်ဆံတွေရောဘဲ့ မင်းအဖေနဲ့အမေရဲ့လောင်းကစားလုပ်ထားတာတွေကြောင့် ကုန်သလောက်ကိုဖြစ်နေပြီ မင်းကရော ချန်လီကျင်းနဲ့ငါနဲ့ရင်းနှီးတာကို မနာလိုဖြစ်နေပြီး တမင်ငါ့ကိုစွပ်စွဲတယ်။ အဲ့အချိန်က ငါမင်းကိုအလျော့ပေးပြီး ချန်လီကျင်းနဲ့ထပ်ပြီးမပတ်သက်တော့ဘူး...အခုငါစီနီယာကုမင်းနဲ့ ရင်းနှီးပြန်တော့မင်းနာမလိုပြန်ဘူး...."

"ဟွန်း...အဲ့ဒါတွေက ငါပိုင်ရမှာ...မင်းလိုအားနည်းတဲ့ကောင်နဲ့ ထိုက်တန်တာမဟုတ်ဘူး...ဒီစာရွက်မှာချက်ခြင်းလက်မှတ်ထိုး ငါမင်းမျက်နှာကိုဖျက်စီးပြစ်မယ်...သေတဲ့အထိနှိပ်စက်မယ် ဟက်..မင်းရဲ့မျက်နှာလှလှလေး ပျက်စီးသွားတဲ့ပုံကို ငါကင်မရာနဲ့မှတ်တမ်းတင်ထားပြီး နေတိုင်းထိုင်ကြည့်မှာ ဟဟဟ"

ကျောက်ယွင်လီ သူ့အရှေ့ကရှုးနှမ်းနေတဲ့ ချင်းဟိုင်ကိုကြည့်လိုက်တယ်။ ထို့နောက်

Last Wish System (Arc.....)Where stories live. Discover now