( 1.5 )

5.4K 608 3
                                    

|| Zawgyi ||

ကျောက်ယွင်လီ က614ကနေချင်းဟိုင်ဘာကြံနေတာလဲ ဆိုတာသိပြီးပြီဖြစ်တယ်။ သူကကုမင်းကျောင်းကိုလိုက်ပို့ပေးမယ် ပြောတာကိုတမင်သက်သက်ငြင်းလိုက်ကာ ချင်းဟိုင်တို့နဲ့ ထိတ်တိုက်တွေ့ဖို့ထွက်ခဲ့တယ်။ ကျောက်ယွင်လီ ကျောင်းကိုလာတဲ့အချိန်က နံနက်6:30 သာရှိသေးသည်။ ဒါမဲ့ချင်းဟိုင်က တော်တော်ဇွဲကောင်းကာ သူ့ထပ်စောအောင်လာစောင့်နေတယ်။

" ဟိုမှာ ဟိုကောင်လာပြီ... "

ချင်းဟိုင်ရဲ့သူငယ်ချင်းတွေက ယွင်လီကိုလက်ညိုးထိုးပြလိုက်တယ်။ ချင်းဟိုင်က ယွင်လီ အရှေ့မှာသွားပိတ်ရပ်ပြီး

"နင်ငါတို့နဲ့လိုက်ခဲ့ "

ကျောယ်ယွင်လီ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ကာ ချင်းဟိုင်တို့အုပ်စုနောက်လိုက်သွားတယ်။ သူတို့က ကျောင်းရဲ့တိတ်ဆိပ်ဆုံး အားကစားမိုးလုံလေလုံ ခန်းမရဲ့အနောက်ဘက်ကိုခေါ်လာခဲ့တယ်။ ရောက်တာနဲ့ဘာမှမပြောဘဲ ယွင်လီကိုရိုက်တော့တယ်။ ယွင်လီက ကမ္ဘာပေါင်းမြောက်များစွာရဲ့ အတွေ့အကြုံအရ ခန္ဓာကိုယ်ကအလိုလျောင် ရှောင်ပြီးသားဖြစ်သွားသည်။

" သူကိုရုပ်ပျက်သွားအောင်ရိုက်ကြ "

ချင်းဟိုင်ကဒေါသအသံနဲ့ သူ့သူငယ်ချင်းတွေကို အမိန့်ပေးလိုက်တယ်။ ဟိုကောင်တွေကသူတို့အဆင်သင့် ထားထားတဲ့တုတ်တွေကို ယူပြီးယွင်လီကိုတိုက်ခိုက်ကြတော့တယ်။ ယွင်လီက စိတ်ပျက်စွာခေါင်းယမ်းလိုက်ပြီး

" မင်းတို့သက်သက်အချိန်ဖြုန်းနေတာဘဲ့ "

ယွင်လီကသူ့ခေါင်းကို ရိုက်လာတဲ့တုတ်ချောင်းကို အသာလေးဆုပ်ကိုင်လိုက်ကာ ထိုတုတ်ကိုင်ထားတဲ့လူရဲ့ ဗိုက်ကိုကန်လိုက်ပြီး တုတ်ကိုယူလိုက်ကာ ယွင်လီ တစ်ယောက်ချင်းစီကိုဆော်ပလော်တီးတော့တယ်။ သူတို့ကိုလွှတ်ပေးဖို့အစီစဉ်မရှိ သူတို့ကအရင်ကျိုးရန်ကို နှိပ်စက်ပြီးဖျက်စီးခဲ့တာသူတို့ဘဲ့ ကျိုးရန်ကိုသက်သေအောင်လုပ်တဲ့ အထဲမှာပါတဲ့ကောင်တွေမို့ အလွတ်မပေးနိုင်ပေ...

တစ်ဖက်မှာတော့ ချင်းဟိုင်ကအလွန်တုန်လှုပ်နေတယ်။ ကျိုးရန် ဒီလိုတိုက်ခိုက်တာတွေတတ်မယ်လို့ သူမထင်ထားဘူး။ ကျိုးရန်ကအရမ်းပျော့ညံပြီး သူနည်းနည်းခြောက်လိုက်တာနဲ့ ကြောက်သွားမဲ့သူလို့ သူသိထားတာ။ ဒါမဲ့သူ့အရှေ့ကကျိုးရန်ကတော့ လုံးဝမတူချေ....ထိုမြင်ကွင်းကိုချောင်းကြည့်နေတဲ့ ချန်လီကျင်း ကလည်းမှင်သက်နေတယ်။

Last Wish System (Arc.....)Место, где живут истории. Откройте их для себя