|| Zawgyi ||
ု
" ဘာလို့ချစ်သူဖြစ်ချင်တာလဲ တခြားဟာတောင်းဆို "ကျောက်ယွင်လီ ပြန်ပြောလိုက်တယ်။ ဒါမဲ့ပတ်ဂျွန်ယောင်း ဆိုတဲ့လူက အေးအေးသာသာနဲ့ သံချောင်းကို လှည့်ပတ်ရင်းနဲ့ ယွင်လီကိုကြည့်လိုက်တယ်။ သူ့ရဲ့အကြည့်တွေက အရမ်းကိုစူးရှတယ်။ ယွင်လီလိုအရေထူတဲ့လူတောင် အေးစိမ့်လာသည်။
" ဘယ်လိုလုပ်မလဲ ကိုယ်ကဒါဘဲ့တောင်းဆိုချင်တာ "
ကျောက်ယွင်လီ ထပ်မပြောတော့ဘဲ စိတ်တိုတိုနဲ့လှည့်ထွက်လိုက်တယ်။ ဂျွန်ကအမြန်ဘဲ့အနောက်က လိုက်သွားသည်။
" ဟေ့...မင်းလေးကတကယ့်အဆိုးလေးဘဲ့...ရော့ ကိုယ်ပေးပါ့မယ်ကွာ "
ယွင်လီ ခြေလှမ်းတွေရပ်လိုက်ပြီး မျက်နှာပြောင်ပြောင်နဲ့ ဂျွန် လက်ထဲကလက်နက်ကိုယူလိုက်တယ်။ ထို့နောက်နောက်ကိုခြေနှစ်လှမ်းဆုပ်ကာ
" နောက်မှအကြွေးပြန်ဆပ်ပါ့မယ် ကျေးဇူးပါ....ဟီး "
ပြောရင်းတန်းပြေးသွားတော့တယ်။ ဂျွန် မြောက်ကြွမြောက်ကြွနဲ့ ပြေးသွားတဲ့ကောင်လေးရဲ့ ကျောပြင်ကိုငေးကြည့်ပြီး မဲ့ပြုံးတစ်ခုပြုံးကာ စတေးမှတ်ထားတော့သည်။
" ယူဂျင် ဘယ်သွားနေတာလဲ ကိုယ်စိတ်ပူနေတာ "
" ဒီတိုင်း...တစ်ခုခုသွားစားတာ "
ယွင်လီ သူတို့စခန်းကိုပြန်ရောက်တာနဲ့ ဝူယောင်းနဲ့ဆွန်းဂျူ တို့အကြည်ဆိုက်နေကြတယ်။ ယွင်လီကိုမြင်တော့ ဝူယောင်းကအလန့်တကြားပြောတယ်...သူတို့ကိုနည်းနည်းလေး
မှတောင်ဂရုမစိုက်ဘူး။ အခုယွင်လီတွေးနေတာက ဒီအဖွဲ့ထဲကဘယ်လိုထွက်ရမလဲ ဆိုပြီးပေါ့...အခန်းထဲရောက်တာနဲ့ တံခါးပိတ်ပြီး သံချောင်းကိုစစ်ဆေးလိုက်တယ်။ သံချောင်းကလှံအဖြစ်တော့အသုံးပြုရတယ်။ ဘာလို့ဆိုထိပ်ကချွန်နေတယ်လေ။ သူပထမအဆင့်ကိုupdate မြှင့်လိုက်တယ်။ အဆင့်တစ်ဆင့်သာမြင့်သွားပေမဲ့ လက်နက်ကဓားနှစ်ဖက်လိုထွက်လာတယ်။ အလယ်မှာကလက်ကိုင်တဲ့နေရာလေးပေါ့ နှစ်ဖက်ရှည်ဓားလေးဖြစ်သွားတယ်။ ဒါမဲ့ယွင်လီကပုံမှန်သံချောင်းပုံပြောင်းလိုက်ပြီး သူ့မှာရှိတဲ့မိကျောင်းအမြူ အတေကိုစစ်ကြည့်မလို့ ထုတ်လိုက်ပေမဲ့ တံခါးလာခေါက်တဲ့လူတယောက် သူကဝူယောင်းပင်။ ယွင်လီ မထချင်ဟန်နဲ့ကျစ်တစ်ချက်စုတ်သက်ပြီး ထဖွင့်ပေးလိုက်ရတယ်။ သူကအထဲဝင်လာပြီး
YOU ARE READING
Last Wish System (Arc.....)
Fantasy|| Zaw & Uni || 21 ရာစုမှသူခိုးအဖွဲ့ဝင် Hacker ကောင်လေးတစ်ယောက်က တစ်နေ့ Hack ရင်းနဲ့ လျှပ်စစ်လျော့ဖြစ်ပြီး system ထဲရောက်သွားခဲ့သည်။ သူကsystem နဲ့ဘဝပေါင်းများစွာ Villian လုပ်လာခဲ့ရပြီး အလိမ်ခံရသလိုတွေးမိလာပြီး ဟက်ကာစကေးနဲ့ system ကိုပြန်လည်ဟက်ရင်း...