Arc(1.22)- Yolic Alilloy{Uni}

426 46 6
                                    

"အရှင်က အလီလွိုင်းအိမ်တော်ကို စစ်သူကြီးချုပ်ရာထူးပြန်လည်ပေးအပ်လိုက်တဲ့အပြင် စစ်အာဏာပါ ပြန်အပ်နှင်းလိုက်တယ်လား?"

ပရီဒါ(Prida) ဆီမှ လျှောက်တင်မှုကို ကြားလိုက်ရခြင်း မူယာ ထိုးလက်စသားမွှေးတံတွေပါ ပြုတ်ကျသည်အထိ ထိတ်လန့်သွားရသည်။ စစ်သူကြီးချုပ်က အာဏာကုန်နှင့် ပြန်လာမည်ဆိုလျှင် သူမအဖေက ဘာဖြစ်သွားပါမည်နည်း။ ပြိုင်ဘက်တစ်ယောက်မရှိတော့၍ သူမအဖေ၏အာဏာ အမတ်များကြား တွင်ကျယ်လာခါနီးမှ ဤသည်ကား စမှတ်သို့ ပြန်ရောက်သွားခြင်းပေလော။

"ဖခင်ရော... ဖခင်ရော ဒီကိစ္စ ကြားပြီးပါရဲ့လား?"

"အရှင်မင်းမြတ်က ညီလာခံမှာ ကြေညာခဲ့တာမို့ သခင်ကြီးသိနှင့်ပြီးပါပြီ"

သိနှင့်ပြီးကိစ္စဟု ကြားရသည်မှ မူယာ အနည်းငယ်စိတ်အေးမိ၏။ တရားဝင် လူသိရှင်ကြားကြေငြာခဲ့ခြင်းဖြစ်ပါမူ တိုင်းပြည်တွင်းသို့ မပြန့်နှံ့သေးသည့်တိုင် ကာရယ်လ် တစ်ယောက် သိပြီးဖြစ်မည်မှန်း သူမယုံကြည်သည်။ ကာရယ်လ်သာဆိုလျှင် သေချာပေါက် ဒီအဖြစ်အပျက်အတွက် ဖြေရှင်းချက် ရှိလိမ့်မည်ပေ။

ဒါပေမဲ့ သူမအနေဖြင့်လည်း ဒီအတိုင်း ထိုင်နေသင့်သည်ဟု မထင်ပါချေ။ လက်ထက်ပွဲနှင့် ရာထူးအပ်နှံပွဲကား သုံးရက်မျှလိုသေးသည့်တိုင် သူမဖခင်နှင့် ကာရယ့်လ်အတွက် အကူအညီဖြစ်စေမည့် တစ်ခုခုတော့ လုပ်ပေးနိုင်ကောင်း၏။

"အရှင့်ဆီသွားတွေ့ဖို့ တို့ကိုပြင်ဆင်ပေးပါ"

"အမိန့်အတိုင်းပါ အရှင်မ"
~~~~~~~~~~~~

ယိုးလစ် ဇာတ်လိုက်ကောင်ရှိရာ အခန်းထဲမှ ထွက်လာပြီးချင်း လောနေမိသည်မှာ သူမဖခင်နှင့်သွားတွေ့ဖို့ပင်။ ဒီလောက်အထိ သူမကြိုးစားခဲ့ရပြီးမှ စမှတ်ကိုပြန်လည်ရောက်ရှိသွားဖို့ ခွင့်မပြုနိုင်ပါချေ။ ပြန်လည် စတင်ဖို့ရာ ယိုးလစ်မှာ အချိန်လည်း မရှိတော့ပေ။

ဇာတ်လမ်းတစ်ခုလုံး၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်သော သူမ၏အသက်ပြည့်မွေးနေ့ပွဲမှ ဇာတ်လိုက်နှစ်ယောက်တို့၏ တွေ့ဆုံခန်းသည်လည်း ပြီးခဲ့ပြီ။ သိပ်မကြာခင်အချိန်အတွင်းမှာပင် ဇာတ်လိုက်မ၏ မိဖုရားဖြစ်လာခန်းကိုပြသတော့မှာဖြစ်ပြီး ဇာတ်လိုက်ကောင်နှင့်သူမကြား ပိုမိုနက်ရှိုင်းသော ခံစားချက်တွေလည်း ဖြစ်တည်လာပေတော့မည်။

Dream MakerWhere stories live. Discover now