Arc(1.20)- Yolic Alilloy{Uni}

620 64 15
                                    

မနက်ခင်းညီလာခံပြီးသည်မှတွက်လျှင် ညနေခင်းပင်ရှိသည်ဖြစ်သော်ငြား ယိုးလစ်ရဲ့စိတ်အစဉ်တို့ တည်ငြိမ်ခြင်းမရှိပါပေ။ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်း။ ထိုသို့သောခံစားချက်သည် မည်သို့ပင်မသိ အတွင်းပိုင်းအနက်ရှိုင်းဆုံးတစ်နေရာမှ လှိုက်တတ်လာသည့်တိုင်အောင် ယိုးလစ်ခံစားနေရသည်။

မူလယိုးလစ်ရဲ့ ခံစားချက်က အတော်လေးပြင်းထန်တာပဲ!

မူလယိုးလစ်သည် ဇာတ်လိုက်ကောင်ကို အလေးနက်ဆုံးခံစားချက်ဖြင့် ချစ်ခဲ့ပုံရသည်။ ပြန်လည်ရှင်သန်လာသည့် ဒုတိယဘဝတွင်ပင် ဇာတ်လိုက်ကောင်၏ ချစ်ခြင်းတရားနှင့် ဂရုစိုက်ခြင်းများကို မရရှိခဲ့သည့်တိုင် မနက်ကညီလာခံ၌ လူးကပ်စ်ပြောသည့် စကားတစ်ခွန်းနှင့်ပင် သူမဘဝဆန္ဒတို့ပြည့်ဝသွားသည်ထင်၏ ။ တစ်နေ့လုံးနီးပါး စို့နင့်စွာခံစားရပြီးနောက် တစ်ဖြည်းဖြည်းနှင့် ယိုးလစ်စိတ်တို့ ့ပြန်လည်ငြိမ်သက်လာသည်။

သူမ ထွက်သွားပြီပဲ!

သူမ စိတ်ချသွားချေပြီ။ ယိုးလစ်ခံစားလို့ရသည်။ သူမ၏ဖခင်ဖြစ်သူ မစ္စတာအလွီုင်းသည် လက်ရှိအချိန်အထိသက်ရှိထင်ရှားရှိနေပြီး မွေးရပ်မြေတွင် လယ်စိုက်စားရင်း အေးချမ်းစွာပျော်ရွှင်နေပြီဖြစ်သည်။ နိုင်င့ံစစ်အာဏာကိုလည်း အကုန်ပြန်လည်အပ်နှင်းသွားပြီ ဖြစ်သည့်အပြင် နောက်နောင်နိုင်ငံရေးတွင် ဝင်မပါစေဖို့အထိ ယိုးလစ်စီစဉ်ထားသည့်အတွက် နောင်ဖြစ်လာမည့် အရှုတ်အရှင်းများကိုလည်း ကြုံတွေ့နိုင်ချေမရှိသလောက်နည်းသွားပြီဖြစ်သည်။

ထို့အပြင် အလီလွိုင်းအိမ်တော်ရှိ ဆွေမျိုးခွဲများနှင့် မှီခိုနေသူ အိမ်စေအပေါင်းတို့မှာလည်း ယိုးလစ်၏ ကုန်သည်အစည်းအရုံးခေါင်းဆောင် ရမ်ဆိုသည့်ရာထူးကြောင့် အရောင်းအဝယ်လောကတွင် ကိုယ်ပိုင်စီးပွားရေးများဖြင့် အေးဆေးစွာ ရပ်တည်နိုင်နေကြပြီဖြစ်သည်။ မူလဇာတ်ကြောအရ နောက်ပိုင်းတွင် စွတ်စွဲချက်များနှင် သံသယများကိုဖြေရှင်းရန်ကျန်နေသေးသော်လည်း လွဲချော်မှုကြီးကြီးမားမားမဖြစ်လျှင် တစ်အိမ်လုံးရက်စက်စွာ မျိုးဖြုတ်အသတ်ခံရခြင်းမျိုး ပြန်မဖြစ်နိုင်ပါပေ။

Dream MakerWhere stories live. Discover now