Arc(1.10)- Yolic Alilloy

1.2K 166 14
                                    

"ဖေဖေ အသက်လည်းကြီးလာပြီ။ 40 ကျော်ဆိုတာ လူလတ်ပိုင်းထဲမှာပဲလို့ပြောလို့ရပေမယ့် ငယ်တော့တဲ့အရွယ်လည်းမဟုတ်ဘူးလေ။ ဘာလို့အေးအေးဆေးဆေးအနားမယူဘဲ နန်းတွင်းအရေးကိစ္စတွေ ပါဝင်ချင်နေသေးရတာလဲ ဖေဖေရယ်"

"ယိုးလစ်… သမီးထင်ထားတာထက်နန်းတွင်းဆိုတာပိုရှုပ်ထွေးတယ်။ သမီးအခုနန်းတော်ထဲမှာ ဧကရီအဖြစ်အေးဆေးနေရတာဘာကြောင့်လို့ထင်လဲ? အာဂတ်စ်အလီလွိုင်းဆိုတဲ့ စစ်သူကြီးရဲ့သမီးဖြစ်နေလို့ပဲ။ စစ်တပ်ရဲ့အာဏ ၃ပုံ၂ပုံက ဖေဖေ့လက်ထဲမှာရှိနေလို့ သမီးကို အဲ့နန်းတော်ထဲက ရူးနေတဲ့အဖိုးကြီးတွေ ကလန်ကဆန်မလုပ်ဝံ့တာ"

သူ့သမီးရဲ့ အားမလိုအားမရဖြစ်မှုတွေကို အားဂတ်စ်နားမလည်နိုင်တော့။ သူ့သမီးလေးဟာ ငယ်ရွယ်စဉ်ကတည်းက အမြဲထက်မြတ်တဲ့သူဖြစ်ခဲ့ပါလျက်နဲ့ ဒီလိုအခြေအနေမျိုးကို မတွေးမိတာဖြစ်မယ်လို့ သူစဉ်းတောင်မစဉ်းစားခဲ့သည်မှာအမှန်ပင်။

"အဲ့အာဏာပိုင်ဆိုင်မှုကြီးကပဲဖေဖေ့ကို သတ်နေတာရော ဖေဖေသိလား? ဖေဖေ့လက်ထဲက စစ်အာဏာကြောင့် အချိန်မရွေးပုန်ကန်နိုင်တယ်ဆိုပြီး လူတိုင်းသတိထားနေကြတာလေ။ အရှင်ရော အဲ့လိုမတွေးမိပါဘူးလို့ ဖေဖေအာမခံနိုင်လား?"

"ယိုးလစ်!!"

အားဂတ်စ် ထိတ်လန့်တကြီးထအော်မိသည်။ သူ့ကိုယ်သူအလန့်တကြားလုပ်မိတယ်လို့ တွေးမိတော့မှိးတ်ကိုအသာလျော့ချကာ သူ့သမီးလေးမျက်နှာကို မြတ်နိုးစွာကြည့်လိုက်ရင်း

"သမီးပြောလိုက်တဲ့စကားက ဘယ်လောက်တောင် ဘောင်ကျော်သွားပြီလဲဆိုတာသိရဲ့လား? ကိုယ့်မိသားစုဝင်တွေပဲရှိတဲ့အခါမို့တော်သေးတာပေါ့။ အပြင်မှာသာသမီးပြောလိုက်ရင် ဒါအရှင့်အပေါ် မရိုမသေလုပ်မှုပဲ။ သမီးက ဧကရီတစ်ပါးပါ။ ဆင်ခြင်သင့်တယ် ကလေး"

ယိုးလစ်ကတော့ သူမအဖေရဲ့ ဇာတ်လိုက်အပေါ်မတော်မတရားသစ္စာရှိနေမှုကြီးကို အံ့သြလွန်းလို့သေတော့မလိုပဲ။ အဲ့သစ္စာရှိမှုကြီးကပဲ မိသားစုတစ်စုလုံးကို အဆုံးသတ်သွားစေခဲ့တာ အဖေရဲ့ လို့သာအော်ဟစ်ပလိုက်ချင်မိသည်။ မူလဇာတ်ကြောင်းအရ ဇာတ်လိုက်က ပုန်ကန်မှု၊ လိမ်ညာမှု၊ လုပ်ကြံမှု စသည့် ပြစ်မှုပေါင်းသောင်းခြောက်ထောင်တပ်၍ စွတ်စွဲစဉ်တုန်းကလည်း ထွက်ပြေးလို့ရပါလျက်နှင့် ထွက်မပြေးခဲ့ပေ။ အရှင်သည် အလီလွိုင်းမိသားစုရဲ့ သစ္စာကိုနားလည်မှာပါ။ အလီလွိုင်းမိသားစုရဲ့ မတရားစွတ်စွဲခံရမှုကိုဖြေရှင်းနိုင်မှပါနှင့် အဆုံးထိ ခွေးတစ်ကောင်လိုသစ္စာရှိခဲ့တာ။ နောက်ဆုံးတော့ ဘာပြန်ရလိုက်လဲ? တစ်မိသားစုလုံး ဆွေစင်မျိုးဆက်၇ဆက်တိုင်အောင် အသက်ခံရခြင်းနဲ့ပဲအဆုံးသတ်ခဲ့ရသည်။

Dream MakerWhere stories live. Discover now