Arc(1.11)- Yolic Alilloy

1.1K 159 16
                                    

ဗိုင်ရယ်လ် မရောက်တာကြာပြီဖြစ်တဲ့ အိမ်အဝင်ဝကို ခြေလှမ်းတို့ချမိသည်နှင့်တစ်ပြိုင်နက် ခြံထဲသန့်ရှင်းရေးလုပ်နေသည့် အဘိုးချာ(Cha) ကိုမြင်လိုက်ရသည်။ အဘိုးချာကလည်း ဗိုင်ရယ်ကိုမြင်သွားပုံပါပဲ မယုံနိုင်ဖြစ်နေသည့်အသွင်အပြင် အံ့သြသည့်ပုံနှင့် သူ့အားငေးကြည့်နေလေတော့။

"အဖိုးချာ…ကျွန်တော်ပါ"

"သ…သခင်ငယ်လေး!!"

လက်ထဲက တံမြတ်စည်းကိုပင် လွှတ်ချကာ အိမ်တော်ဘက်လှည့်၍ အဘိုးချာအော်ပါတော့သည်။

"သခင်ငယ်လေး ဗိုင်ရယ်လ် ပြန်လာပြီဟေ့!! သခင်ငယ်လေးဗိုင်ရယ်လ် ပြန်လာပြီ!! သခင်ကြီးကိုအကြောင်းကြား!!!"

"ရှူး!! အဖိုးချာ အလျှင်မလိုပါနဲ့။ ကျွန်တော်က ခဏပဲပြန်လာတာပါ။ ပြီးရင် နန်းတွင်းထဲ ပြန်သွားရမှာမို့"

အဘိုးချာဟာ မျက်ရည်တွေရွှဲစိုနေသည့်မျက်လုံးဖြင့် ဗိုင်ရယ်လ်အနားတိုးကပ်လာသည်။ ဗိုင်ရယ်လ်လက်တွေကို မဝံ့မရဲဆုပ်ကိုင်ရင်း

"သခင်ငယ်လေးရယ်…အိမ်တော်ကိုပြန်မလာတာ 10နှစ်တောင်ရှိမှ ပထမဆုံးပြန်လာတာကို တစ်ရက်လေးတောင်မနေတော့ဘူးလားကွယ်~"

အဘိုးအိုရဲ့အသံတွေက အလွန်အမင်းဝမ်းနည်းကာ တုန်ရီနေလေသည်။ အဖိုးချာသည် ဗိုင်ရယ်လ်တို့အဖိုးလက်ထက်ထဲက အတူတိုက်ပွဲဝင်ခဲ့သည့် ဟတ်တန်သာအိမ်တော်ရဲ့ သစ္စာရှိအစေခံဖြစ်သည်။ ဗိုင်ရယ်လ်၏အဖေ လက်ရှိတောင်ပိုင်းနယ်စား ချာလီ ဟက်တန်သာ (Charles Hatenta) ငယ်စဉ်ကနေ အခု ဗိုင်ရယ်တို့အမွှာညီအစ်ကိုမွေးဖွားကြီးပြင်းချိန်အထိ စောင့်ရှောက်ခဲ့သူလည်းဖြစ်သည်။ တစ်နည်းအားဖြင့် ဗိုင်ထရယ်လ် နှင့် ဗိုင်ရယ်လ်တို့ကို တိုက်ခိုက်ရေးသင်ပေးခဲ့တဲ့ လက်ဦးဆရာလည်းဖြစ်ချေသည်။

"အဖိုးသိတဲ့အတိုင်း ဗိုင်ထရယ်လ်ရော ကျွန်တော်ရောက တိုင်းပြည်ဥသျှောင်တွေကို စောင့်ရှောက်ရတဲ့သူတွေလေ။ ကျွန်တော်တို့ တစ်မိနစ်လေးတောင် အရှင်တွေအနားက ခွာလို့မဖြစ်ဘဲ။ အခုတောင် အရှင်မက ကျွန်တော့်ကို အိမ်ပြန်ဖို့အချိန်အနည်းငယ်ခွင့်ပြုလို့ပြန်လာခဲ့ရတာ"

Dream MakerWhere stories live. Discover now