GM-(1); Dream Maker

4K 170 3
                                    

ကျွန်မနာမည်က ဝိုင်(Y),

ကျွန်မက သာမာန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါပဲ။ နေ့တစ်နေ့ရဲ့ အစမှာ အိပ်ရာထတယ်၊ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးရင် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျီမျိုးဝတ်၊ ကျောင်းသွားတယ်။

ဟေး…ရပ်ရပ်! ငါတို့ဇာတ်လမ်းကို ဒီလိုမစသင့်ဘူး! ဒါကြီးက… အင်း!!! အရမ်းကို ကလေးဆန်လွန်းတဲ့အရေးအသားတွေပဲ! ငါသေချာ လောင်းရဲတယ် နင်ဇာတ်လမ်းကိုဒီလိုစရင် ဘယ်သူမှရှေ့ဆက်မဖတ်ဘဲ ဒီအစမှတင် ထွက်ပြေးကုန်ကြလိမ့်မယ်!!

စာရေးသူ - ငါ့ဟာငါ ဘယ်လိုစစ! ငါ့သဘော! အိုကေ! ငါဆက်ရေးမယ် တိတ်တိတ်နေလိုက်တော့!

ကျောင်းနဲ့ ကျွန်မနေတဲ့ နေရာနဲ့က သိပ်မဝေးဘူးလေ။ ဒါပေမယ့် လမ်းလျှောက်ရင် အနည်းဆုံး မိနစ် 20 ကြာတယ်။ ကျွန်မ စက်ဘီးနဲ့ဘဲ သွားဖြစ်တယ်။ ပိုသွားတဲ့အချိန် 10 မိနစ်ကို ကျွန်မအိပ်တဲ့အချိန်ထဲ ထည့်လိုက်တယ်လေ။

ကျွန်မလေ့လာနေတဲ့ဘာသာရပ်က ဇီဝဗေဒသိပ္ပံ(Biological Science).. ဝါသနာပါလို့ဆိုတာထက် ကျွန်မအလုပ်အတွက် အရမ်းကိုအရေးကြီးလို့ ဒီမေဂျာယူခဲ့တာ...။ သြော်ဟုတ်သား သာမာန်တက္ကသိုလ် ကျောင်းသူလေးက ဘာများလုပ်တာလဲဆိုတာ ရှင်တို့ကို မပြောရသေးဘူးနော်။ ကျွန်မအလုပ်က...

"ဟေး…ဝိုင်! မဆိုးဘူး အချိန်ကွက်တိပဲ"

ရိုးရာ လက်ထဲမှ ပန်းရောင် ဂျီ-ရှော့ နာရီကိုငုံ့ကြည့်ရင်းပြောလိုက်သည်။ တစ်ဆက်တည်းဆိုသလိုပင် ရိုးရာ မျက်လုံးတွေက ဝိုင် ကိုကြည့်လိုက်ရင်း သူမထံလျှောက်သွားလိုက်သည်။

ဝိုင်... ထိုနာမည်တစ်လုံးထဲနှင့် ဝိုင် ဟာ တော်တော်လှသည်။ မျက်လုံးဝိုင်းဝိုင်းလေးတို့ပိုင်ဆိုင်ထားသည့်သူမဟာ Anime ကာတွန်းရုပ်လေးလို လှပသည်။ ပေါ်လွှင်တဲ့ နှာတံနဲ့ ပန်းဆီရောင် နှုတ်ခမ်းဖူးဖူးတို့က ရိုးရာ...သူမ မနာလိုလောက်အောင်ပင် မျက်နှာသွယ်သွယ်လေးထက် နေရာတကျရှိနေသည်။ မွေးရာပါ ငွေမှင်ရောင် ဆံနွယ်တွေက သူမကို မြန်မာလူမျိုးမှ ဟုတ်ရဲ့လားလို့တွေးမိသည်အထိပင်။

Dream MakerWhere stories live. Discover now