ပတ်ဝန်းကျင်ဟာ ပုဇဉ်းရင်ကွဲကောင်များ၏ တဂျီဂျီအော်သံမှလွဲ၍ တိတ်ဆိတ်နေပေသည်။ ခပ်ကွေးကွေးလတစ်ခြမ်းဟာ မည်းမှောင်နေသည့် ကောင်းကင်နှင့် လိုက်ဖက်ညီစွာပင် ခပ်မှိန်မှိန်ထွန်းလင်းနေပြန်သည်။
ဒီညဟာကြယ်တွေစုံသည်။ ကြယ်၊ လစုံသည့်ကောင်းကင်ပြင်ဟာ သိပ်ကိုလှပသည်။ နတ်ဘုရားတွေတောင် ဒီနေ့ဒီအချိန်ကို ချီးမွှမ်းနေသလားဟုပင် ထင်မှတ်ရသည်လေ။
ဗိုင်ရယ်လ်အံကြိတ်ကာ လက်ကိုတင်းတင်းသာ ဆုပ်မိ၏ ။ ပေါက်ပြဲဒဏ်ရာအချို့မှ ခြောက်ချင်ချင်ဖြစ်နေသော သွေးတို့မှာ ညစ်အားကြောင့် တစ်ဖန်ပြန်ရွှဲရွှဲစိုလာသည်လေ။
ဒီခန္ဓာကိုယ်ပေါ်က ဘာမဟုတ်တဲ့ဒဏ်ရာလေးရဲ့ နာကျင်မှုကား သူ့ရင်ထဲမှနာကျင်မှုကို အဘယ်သို့ မှီနိုင်အံ့နည်း။
သူမလေးရှိရာစက်ရာဆောင်မှ အလင်းမီးတို့ မှိတ်ကျသွားချိန်မှာတော့ ဗိုင်ရယ်လ်ခြေထောက်တွေဟာ တင်းထားသမျှအားအင်တို့ကုန်ခမ်းသွားဟန်တူ၏ ။ ခြေပစ်လက်ပြစ်ပင် မြက်ခင်းပြင်ထက် သူပြစ်လဲကျသွားမိလေသည်။
နောက်ဆုံးတော့ သူဟာ ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီ။
ကျေးဇူးပြုပြီး ဒီတစ်ညေတာ့ သူ့ကိုငိုခွင့်ပေးပါလား။ စစ်သည်တော်ယောက်ျားရင့်မာကြီးလည်း ရင်ထဲ ဝမ်းနည်းရလွန်းရင်၊ နာကျင်ရလွန်းရင် မျက်ရည်ကျတတ်ပါသည်။
"ဗိုင်ရယ်လ်?"
နှလုံးသားက ပြင်းပြစွာနာကျင်ခံစားနေရသည်ထင်။ တေးသီငှက် တေးဆိုနေသလို ချစ်ရသူရဲ့ ခေါ်သံတွေဟာ ဗိုင်ရယ်လ်နားထဲ ကြားယောင်နေသည်လေ။
"ဗိုင်ရယ်လ်ပဲ! ဟယ်...လက်တွေမှာ ဒဏ်ရာတွေနဲ့ ဘယ်လိုဖြစ်ရတာလဲ! သွေးတွေထွက်နေတာကို ဘာလို့ဒီအတိုင်းထားထားရတုန်း? ပိုးဝင်သွားရင် ဘယ်နှင့်လုပ်မလဲ? တကယ်ပါပဲ"
ဂရုဏာဒေါသအသံလေးနှင့်အတူ သူ့ရဲ့လက်က နူးညံ့သောကိုင်ဆောင်မှုတစ်ခုမှာ ပါဝင်သွားတော့ ဗိုင်ရယ်လ် မှိတ်ထားသည့် မျက်လုံးတွေကို ဖွင့်လိုက်မိ၏ ။
သူမပဲ...! သူ...သူ ကြားယောင်နေခဲ့တာမဟုတ်ဘူးပဲ။ တကယ်...တကယ်ပဲ သူ့ဘေးနားမှာ သူမေလးက ရှိနေခဲ့တာပဲ။
YOU ARE READING
Dream Maker
General Fiction"ကိုယ်မင်းကိုချစ်တယ်" "ဟမ်...ဘယ်လို ဘယ်လို!" "ကိုယ်မင်းကိုချစ်တယ်! ငြင်းလည်းအသုံးမဝင်ဘူး။ မင်းက အစထဲက ကိုယ့်အပိုင်!" ဝှက်သက်ဖက်!! ဒီကောင်က ရူးနေတာလား? ရူးသွားတာလား?? ဟေး...ဟေး ဖောလိုး ယွာ စတိုရီလိုင်းပါနော်(follow your storyline)။ ကျေးဇူးပဲ။ ကမ္ဘာအဆက...