Arc(1.23)- Yolic Alilloy{Uni}

622 67 16
                                    

ကမ္ဘာလောကကြီးတွေတိုင်းမှာ လူမသိသေးပေမဲ့ ထင်ရှားတဲ့ ဝိသေသလက္ခဏာတစ်ခုရှိသည်။ မင်းမုန်းသည့်လူ မကြိုက်သည့်လူက မင်းချစ်သောသူနှင့် ပိုမိုကာ တွေဆုံကြုံရမှု များနိုင်ချေရှိသည်။ သဘောတရားအရ ဒဏ်ရာရထားသောလက်သည် သာမာန်ထက် အထိအခိုက်ပိုများနေသလိုပင်။

ဟိုလီရှစ်!! အတိအကျပြောရရင် အဓိပ္ပာယ်မရှိသော သောက်ကျိုးနည်း လော့ဂျစ်(logic) ကြီးပဲ! ဒါဟာ လူတစ်ယောက်ကို ပိုမိုသန်မာစေလာအောင် ရည်ရွယ်တဲ့ ကမ္ဘာဇာတ်ကြောင်း စီစဉ်မှုတဲ့!

ငါ့ဖင်ကြီးကိုပဲ သွားစီစဉ်နေလိုက်!! သောက်ကျိုးနည်း စိတ်ကင်ဆာပေးတဲ့ ကမ္ဘာ့ဇာတ်ကြောင်းတွေ။ ကြည့်မရတဲ့သူနဲ့ ခဏခဏတွေ့ရတာလောက် စိတ်ဒုက္ခရောက်ရတာရှိမှာမဟုတ်တော့ဘူး!

အခုလည်း ကျယ်ပြောလှသော နှစ်ယောက်အိပ်ကုတင်ပေါ် လူသေကောင်တစ်ကောင်လို စန့်စန့်ကြီးလှဲရင်း ယိုးလစ်တွေးနေမိသည်မှာ တစ်ခုထဲ...

'ငါဘယ်သူလဲ?'
'ဘယ်ရောက်နေတာလဲ?'

"မိဖုရားက ရေမသုံးသပ်ဘဲ အိပ်ရာတန်းဝင်တော့မလို့လား?"

အသံနှင့်အတူ ရေချိုးခန်းအတွင်းမှ ရေလဲဝတ်ရုံတစ်ထည်ကို လျော့တိလျော့ရဲဝတ်၍ ထွက်လာပါသော လူးကပ်စ်။ အဝတ်ဟထားသော ရင်ဘက်သည် ကြွက်သားအပြည့်နှင့် ဖုဖောင်းနေလေတော့။

နင်က ဘာကိစ္စ ရင်ဘက်ကို မဖုံးထားရတာလည်း ဇာတ်လိုက်ကောင်ရဲ့!! ဒီလိုပြနေရုံနဲ့ ငါလေးက နင့်ကို ကြိုက်သွားမယ်ထင်လို့လား?? လုံးဝပဲ!

"အရှင့်မိဖုရား အတန်ငယ် ပန်းနေလို့ပါ"

အမှန်တော့ ယိုးလစ် ဆဲချင်နေတာ။ ဒါပေမယ့် အိုအိုစီ(OOC) ဖြစ်လို့လည်းမရတာမို့ တတ်နိုင်သမျှ မူလယိုးလစ်ရဲ့ အိန္ဒြေဟန်ပန်ကို စောင့်ထိန်းနေရသည်။ ကယ်လီနဲ့ ဗိုင်ရယ်လ်ရှေ့ သူမပင်ကိုယ်မူဟန်ကို ဖုံးကွယ်ခြင်းမရှိဘဲနေနိုင်ပေမဲ့ ဇာတ်လိုက်ကောင်ကတော့ မတူဘူးမလား။

ရိုရိုသေသေပြန်ဖြေနေပေမဲ့ ရိုသေဟန်မရှိသော အမူအရာကြောင့် လူးကပ်စ် ရယ်ချင်မိသွားရသည်။ မျက်ဝန်းတွေထဲ ငါစိတ်ပျက်နေတယ်လို့ မပြောရုံတမယ်ဖြစ်နေမင့်ဟာ သူမလေးက အဆင်ပြေသယောင်ဟန်ဆောင်နေဆဲပင်။

You've reached the end of published parts.

⏰ Last updated: Jun 14, 2021 ⏰

Add this story to your Library to get notified about new parts!

Dream MakerWhere stories live. Discover now