Arc(1.18)- Yolic Alilloy{Uni}

1.3K 86 45
                                    

(warning - 'အုအုအွန့်' ပါတယ်နော်!)

သံစဉ်တွေဟာ အပြောင်းအလဲများလှသည်။ အစပို်င်းတွင် သာယာဆွတ်ပျံ့ဖွယ်ကောင်းသလောက် တစ်ဖြည်းဖြည်းနှင့် ဝမ်းနည်းစရာပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ ဖြစ်လာ၏ ။

ယိုးလစ် မျက်ရည်တို့ဝဲတတ်လာသည်။ ဘယ်လောက်တောင် တော်လွန်းနေတာပါလဲ။ ဒီလိုလူကို ဆွဲခေါ်သွားနိုင်သည့်အစွမ်းအစ။ သဘောကျလွန်းလို့ရူးရပါတော့မယ် ကမ္ဘာ့သမီးတော်ရေ။

သံစဉ်တို့ပြီးဆုံးသွားတော့ ရင်ထဲမှာ နှမြောသလိုလို လွမ်းသလိုလို ကျန်ခဲ့ရပြန်သည်။ တစ်ခါနားဆင်ရုံမျှနှင့် မလုံလောက်နိုင်ဘဲ ထပ်ခါထပ်ခါ နားဆင်ချင်မိသည့်အထိ။ ယိုးလစ် မဆိုင်းမတွပင် လက်ခုပ်သြဘာတီးမိသည်လေ။

လူးကပ်စ်ဟာ ယိုးလစ်ရဲ့အလွန်တရာသဘောကျနေပါသည့် ပုံစံကိုကြည့်ရင်း သူပါပြုံးနေမိ၏ ။ ဒီနေ့တစ်နေ့ထဲ သူဘယ်နှစ်ကြိမ်မြောက် သူမလေးကြောင့် ပြုံးရယ်မိသည် မသိတော့ပေ။ မသိမသာပင် သူမေလးနား ခန္ဓာကိုယ်အသာစောင်းကာ တိုးကပ်လိုက်ပါရင်း...

"အဲ့လောက်တောင် သ​ေဘာကျလား?"

နားရွက်ဖျားနား လေပူအချို့လာထိခတ်တော့ ယိုးလစ် ခန္ဓာကိုယ်ဟာ တောင့်ခနဲ။ အ​ေရှ့က ဇာတ်လိုက်မထံ မြောပါနေခြင်းမို့ ဇာတ်လိုက်တိုးကပ်လာမှန်း သူမ မသိလိုက်။

ဒါဟာသိပ်ကို နီးကပ်နေလွန်းတယ်!
ဇာတ်လိုက်! နင်ဘာဖြစ်နေတာလဲ? နင့်မယားကြည့်နေတယ်လေ။ သူမ အထင်လွဲသွားမှာမကြောက်ဘူးလား?!

"စိုးရွံ့မိပါတယ်။ မိန်းကလေးဟာ သိပ်တော်တာကြောင့် အရှင့်မိဖုရား ချီးမြောက်ချင်ဇော လောသွားမိတာပါ"

စိတ်ထဲက ယောက်ယတ်ခတ်နေသလောက် အပြင်ပန်းမှာတော့ ပန်းနုရောင်ပြေးနေသည့်ပါးမို့မို့နဲ့ ဧကရီရဲ့အသံဟာ တိုးတိတ်စွာ။ ဧကရာဇ်ရဲ့အကြင်နာမျက်ဝန်းတွေနှင့် မြတ်နိုးစွာစနောက်မှုကို ဧကရီဟာ ရှက်ရွံ့နေသည့်ဟန် ဖြင့် ခေါင်းလေးပင်အသာငုံ့ထားချေ၏ ။

ကျေးဇူးပြုပြီး ဒီခန်းမထဲ အရှင်တို့၂ယောက်ထဲရှိတာမဟုတ်ဘူးဆိုတာ သတိရ​ေပးပါလား? ကျွန်တော်မျိုးတို့က ဧကရီကို မွေးနေ့ဂုဏ်ပြုပေးဖို့လာတာပါနော်။ အရှင့်ရဲ့ ခွေးစာတွေ လာစားတာမဟုတ်ပါဘူး။

Dream MakerWhere stories live. Discover now