Arc(1.15)- Yolic Alilloy{Uni}

1.1K 73 16
                                    

ဒီနေ့ထူးထူးဆန်းဆန်း ဧကရာဇ်ဟာ ညီလာခံကို ကောင်လေးတစ်ယောက်ခေါ်လာသည်။ ခေါ်လာရုံပင်မဟုတ် ထိုကောင်လေးသည် ဘုရင့်ရာဇပုလ္လင်ရှိရာဆီသို့တိုင် တတ်သွားပြီး ဘုရင့်ဘေးတွင် မတ်တပ်ရပ်နေတော့သည်။

ဘယ်လို...ဘယ်လို? ရာဇပုလ္လင်ဘေး??
နိုင်ငံ့ဧကရီ ညီလာခံတတ်လာရင်သော်မှ ရာဇပုလ္လင်ရှိရာအထပ်၏ အောက်အဆင့်မှာ ထိုင်ရတာလေ။ တော်ဝင်ကိုယ်ရံတော်တပ်မှူးတောင်မှ၊ ဧကရာဇ်ကိုအနီးကပ်ကာကွယ်သောသူဖြစ်တာတောင်မှ ပုလ္လင်အောက်အဆင့်မှာ နေရတာလေ။ ဒီကောင်လေးက ဘယ်သူမို့လို့ ဧကရာဇ်ရဲ့ ရာဇပုလ္လင်ဘေး တန်းတူရပ်ရဲရတာလဲ?

တကယ်တော့ လူးကပ်စ်လည်းဆွံအနေသည်။ ဒီကောင်လေးကို အမတ်တွေနေရာမှာမထင်မရှားထားခဲ့ပြီး နောက်ဆုံးတာဝန်ပေးချိန်မှ ေ့ရှဆွဲထုတ်မလို့ပေမယ့် ဒီကောင်သေးလေးဟာ သူ့နောက်တောက်လျှောက်လိုက်လာတာ သူ ရာဇပုလ္လင်မှာစံမြန်းသည့်အထိ။ လူးကပ်စ်ပါ ကြောင်တောင်တောင်နှင့် သူ့ဘေးနားက ကောင်သေးလေးကို မော့ကြည့်တော့ ခပ်တည်တည်မျက်နှာပေးက သူ မဟုတ်သည့်အတိုင်းပင်။

အမှန်တော့ ယိုးလစ်က ညီလာခံထုံးစံနှင့်ပတ်သတ်ပြီး ဘာမှမသိ။ ခန်းမထဲဝင်ဝင်ချင်း သူမ ဘယ်နေရာနေရမယ်မှန်းမသိပါသောကြောင့် ဇာတ်လိုက်နောက်လိုက် အမှားမရှိဟုသော ဆုံးဖြတ်ချက်ဖြင့် ခပ်တည်တည်လိုက်လာခြင်းပင်။ ဧကရီတစ်ယောက်က ညီလာခံတတ်ရင် ဇာတ်လိုက်အောက်တစ်ဆင့်က ပုလ္လင်ခုံမှာထိုင်ရမှာဖြစ်ပေမယ့် အခုယိုးလစ်က ဧကရီတစ်ပါးအနေနဲ့ ညီလာခံတတ်လာတာမဟုတ်တော့ ဘယ်နေရာနေရမှန်း မသိသည်မှာအမှန်။ ဇာတ်လိုက်ကလည်း ကြိုပြောမထားခဲ့ဘူးလေ။

ယိုးလစ်ရဲ့ ခပ်တည်တည်မျက်နှာပေးနဲ့ ဘာမှမသိသော အတီးအတပုံသဏ္ဏာန်ကြောင့် လူးကပ်စ်လည်းမပြောတော့ပါဘဲ ညီလာခံစရန်သာ အချက်ပေးလိုက်သည်။ သူလည်း ဒီကောင်လေးရဲ့ ထူးထူးဆန်းဆန်းလုပ်ရပ်တွေနဲ့ အသားကျလုနီးပါးဖြစ်နေပြီ မဟုတ်လား?

ညီလာခံစသည်နှင့် စစ်သူရဲကောင်းများနှင့်အမတ်တို့၏ မပြီးစီးနိုင်သော ရန်ပွဲက စကြလေပြီ။ လူးကပ်စ်ကတော့ ပုလ္လင်လက်ရန်းပေါ် လက်တင်မေးထောက်ကာ စိမ်ပြေနပြေကြည့်နေလိုက်သည်။ သူ့ဘေးနားက ကောင်လေးကို တစ်ချက်ကြည့်လိုက်တော့ ထိုကောင်လေးက ညီလာခံကို စိတ်ဝင်စားနေပုံပေါ်သည်။ မျက်လုံးလေးဝိုင်းကာ ကြည့်ရင်း နှစ်ဖက်ပြောသမျှ အသေအချာနားထောင်နေ၏ ။

Dream MakerWhere stories live. Discover now