နွေးထွေးတဲ့ နွေဦးရဲ့ အငွေ့အသက်လေးတွေက လေတစ်ချက်တိုက်တိုင်း လွင့်ပျံ့လို့နေတယ်။ အသက်တစ်ချက်ရှူလိုက်တိုင်း နှာဖျားထဲ ပန်းမျိုးစုံရဲ့ အငွေ့အသက်တွေတောင်ရနေသလိုပဲ…။
ယိုးလစ်ဟာ ကြောင်တစ်ကောင်လို ပျင်းတိပျင်းတွဲပုံစံနဲ့ ပြတင်းဘောင်ကို မှီထိုင်လို့နေလေတယ်။ မျက်လုံးလေးတွေမှိတ်လို့ လှပတဲ့နွေဦးကို ခံစားရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းမိလို့နေတယ်။
ဘာလိုလိုနဲ့ မိဘအိမ်ပြန်တဲ့ ၁၀ရက်တာပြီးလို့ ရှုပ်ထွေးလှတဲ့ နန်းတွင်းထဲ ပြန်ရောက်ခဲ့ပြန်ပြီ။ နန်းတော်ထဲပြန်ရောက်ရောက်ခြင်း ဇတ်လိုက်ဆီ အစီအရင်သွားခံတာတောင် လူးကပ်စ် ဟာ သူမကို စိတ်မဝင်စားစွာ တစ်ချက်တောင်မကြည့်ဘဲ ခေါင်းတစ်ချက်သာ ငြိမ့်ပြလေတယ်။
မဆိုးပါဘူး… အလုပ်ရှုပ်သက်သာတာပေါ့။ ဇာတ်လိုက်က သူမကိုစိတ်မဝင်စားဘူးဆိုထဲက ဇာတ်လမ်းရှင်းတာပေါ့…။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကိုပြန်တွေ့ပေး သူမတို့မိသားစုအပေါ် အထင်လွဲနေတာကို ဖြေပေး။ ဒီနန်းတော်ထဲက အေးအေးချမ်းချမ်းပြန်ထွက်ပြီးရင် သူမအလုပ်ကပြီးပြီ…။
"အရှင်မ နေ့ခင်းလက်ဖက်ရည်သောက်ဖို့အချိန်ပါ"
"အွန်း…"
ကယ်လီရဲ့ သတိပေးစကားအဆုံး ပျင်းတိပျင်းတွဲနဲ့ သူ့ရဲ့အရှင်မဟာ ဖြေလေတယ်။ မှီထားတာကနေ တစ်ချက်လှည့်မလာပဲ ဖြူဖွေးပြီးသွယ်လျတဲ့ လက်တစ်ဖက်သာ သူ့ဆီရောက်လာလေရဲ့။ နန်းငွေ့အသက်တစ်စက်မှမရှိတဲ့ အရှင်မရဲ့ ပုံသဏ္ဍာန်ဟာ သိပ်ကိုပျင်းနေလွန်းတဲ့ ကြောင်ပေါက်လေးတစ်ကောင်လိုပဲ။
"အရှင်က လက်ဖက်ရည်အတူသောက်ဖို့အရှင်မကို ဖိတ်ခိုင်းလိုက်ပါတယ်။ နှင်းဆီဥယျာဉ်မှာအရှင်နဲ့အတူ ပန်းအလှတွေခံစားရင်း နေ့ခင်းလက်ဖက်ရည်ကို သုံးဆောင်ရမှာပါ"
ကယ်လီဆီက တင်ပြချက်ကြားလိုက်ရခြင်း ယိုးလစ်မယုံနိုင်ဖြစ်မိလေသည်။
ဇာတ်လိုက်က သူမကို ဖိတ်ခေါ်တယ်?? နေ့ခင်းလက်ဖက်ရည်အတူသောက်ဖို့?? ဘယ်တုန်းကစပြီးဇာတ်လိုက်က သူမနဲ့အတူရှိချင်သွားရတာတဲ့လဲ?
YOU ARE READING
Dream Maker
一般小说"ကိုယ်မင်းကိုချစ်တယ်" "ဟမ်...ဘယ်လို ဘယ်လို!" "ကိုယ်မင်းကိုချစ်တယ်! ငြင်းလည်းအသုံးမဝင်ဘူး။ မင်းက အစထဲက ကိုယ့်အပိုင်!" ဝှက်သက်ဖက်!! ဒီကောင်က ရူးနေတာလား? ရူးသွားတာလား?? ဟေး...ဟေး ဖောလိုး ယွာ စတိုရီလိုင်းပါနော်(follow your storyline)။ ကျေးဇူးပဲ။ ကမ္ဘာအဆက...