Arc(1.14)- Yolic Alilloy

1.2K 159 16
                                    

All photos that i used is credit to all the orginal artist/ orginal uploader. I don't really want to used for the characters, i own but these were so resmebled the characters of Dream Maker(Arc-1). When i get my owns, i am promised sure to delete all of these. I respect all of your creations as well as your fine arts. I apologise to you all for not request any using permission.

လင်းနေသော အဆောင်မီးတို့မှိန်သွားလေပြီ။ အခန်းထဲမှထွက်လာသော အသံရှူသံမျဉ်းမျဉ်းလေးက သူ၏အရှင်မ အိပ်ပျော်သွားပြီဖြစ်ကြောင်းပြနေသည်။ ဗိုင်ရယ် အခန်းတံခါးဝသို့ အသာလျှောက်သွားလိုက်၏ ။ သူ၏အရှင်မလေး ညတိုင်းကောင်းစွာအိပ်စက်နိုင်ဖို့ရန် သူအိပ်ဖန်စောင့်လုပ်ပေးရမည်။ သူမလေးစိတ်ချလက်ချအိပ်နိုင်ဖို့နှင့် အိပ်နေတုန်းမည်သည့်အန္တရာယ်မှမရှိအောင် စောင့်ရှောက်ရမည့်တာဝန်သည် သူ၏တာဝန်ပေပဲမို့။

ဗိုင်ရယ်အခုလို နေ့ရောညပါ အနားမယူဘဲ တာဝန်ထမ်းဆောင်နေတာကိုသာ သူမလေးသိရင် သူ့ကိုဆူမည်မှာ သေချာသည်။ သူ၏အရှင်မလေးဟာ သူမအနားယူနေချိန် ဒုကိုယ်ရံတော်မှူးဖြစ်သည့် ဗိုင်ရယ်လ်ကိုလည်း အနားယူစေချင်သည်။ တစ်နေ့လုံး သူမလေးနောက်လိုက်နေရတာ ပင်ပန်းမည် ဟုဆိုလေသည်။

ဗိုင်ရယ်လ်တွေးရင်း ပြုံးမိရပြန်သည်။ တစ်နေ့တာလုံး သူမလေးနောက်ကိုလိုက်ပါစောင့်ရှောက်ရတာ ပင်ပန်းသည်ဟုမထင်တာ သူမလေးမသိလေသရော့လား။ တာဝန်အရဆိုတာထက် သူကိုယ်တိုင်ကိုယ်က သူ၏အရှင်သခင်မလေး တစ်ခုခုဖြစ်သွားမှာ စိုးနေရသည်ဆိုတာ ခပ်တုံးတုံးသူမလေးကတော့ သိနိုင်လိမ့်မည်မထင်။

ခပ်တုံးတုံး...? ဟက်! ဗိုင်ရယ်လ်ဟတ်တန်သာရေ! မင်းဆိုသည်မှာလည်း အသက်ရှင်ရတာ ပင်ပန်းလွန်းနေပြီထင်ရဲ့။ ဘယ်လိုတောင် ဧကရီတစ်ပါးကို ဝေဖန်ရဲနေရတာလည်းကွာ!

ဗိုင်ရယ်လ်ကူကယ်ရာမဲ့စွာ ပြုံးမိပြန်သည်လေ။ မတတ်နိုင်။ သူ့ကို ထိုသို့ဖြစ်အောင်လည်း သူမလေးကပင် ပုံသွင်းထားခဲ့တာမဟုတ်ပါလား။

အင်း...သူ၏အရှင်မလေးက တုံးတာကတော့ တကယ်ပဲ။ နေ့ဘက်ထက် ညဘက်မှာ အမှောင်ထဲက တိတ်တဆိတ်လုပ်ကြံသူတွေရှိတတ်တယ်ဆိုတာမတွေးမိဘဲ သူ့ကို အတင်းပြန်လွှတ် အနားယူခိုင်းနေသည်လေ။ အဲ့ဒီခေါင်းသေးသေးလေးထဲတွင် ဘယ်လိုအရာတွေကိုတွေးနေလဲ ဗိုင်ရယ်လ်သိချင်မိပါရဲ့။

Dream MakerWhere stories live. Discover now