Arc(1.4)- Yolic Alilloy

1.2K 180 2
                                    

တွေ့ကရာ လူရှင်းတဲ့ လမ်းကြားကို ဆွဲခေါ်လာခဲ့ပေမယ့် ယိုးလစ် စိတ်တို့ပူနေသေးသည့်အလား ဟိုဟိုဒီကြည့်နေသည်။ စိတ်ချရမှ မျက်လွှာလေးချကာ သက်ပြင်းအချို့ချရသည်။

ယိုးလစ် မယုံကြည်နိုင်…။ ဒုကိုယ်ရံတော်မှူးဗိုင်ရယ်လ်က မိဖုရားအိမ်တော်ပြန်တဲ့ခရီးမှာ တစ်ဖွားမကွာ လိုက်ပါစောင့်ရှောက်ဖို့တာဝန်ပေးခံရတာလေ။ အခု သူက တစ်ယောက်တည်းရှိနေတဲ့အပြင် နန်းတော်ပြန်တဲ့လမ်းကိုလည်းရောက်နေသေးတာဆိုတော့ ဒါတိုက်ဆိုင်မှုတစ်ခုလို့ ယိုးလစ်မထင်ဘူး။ ဒါပေမယ့် သူဘယ်လိုလုပ်သိနိုင်မှာလဲ? ယိုးလစ် စီစဉ်ခဲ့တာ ပြီးပြည့်စုံတာပဲ! ကယ်လီကလဲ ယိုးလစ်ကို သစ္စာဖောက်မယ့် လူမျိုးမဟုတ်ဘူး…

ယိုးလစ်တွေးရင်း စိတ်ရှုတ်လာတာနဲ့ ဗိုင်ရယ်လ်မျက်နှာကို ကြည့်လိုက်သည်။ အခုမြင်မိတာ ဗိုင်ရယ်လ်ဟာ တစ်ခုခုထူးဆန်းနေသလိုပင်။ သူမကို မျက်လုံးချင်းဆုံ မကြည့်ရဲသည့်အပြင် မျက်ဆံတွေဟာလည်း ဆေးမူးနေသူပမာ ဂဏာမငြိမ်…!
ဟင်…သူ့မျက်နှာကြီးက ဘာလို့နီရဲနေတာတုန်း။ နေလောင်သွားလို့များလား? နေများမကောင်းလို့လား?

ရုတ်တရက် ယိုးလစ်လက်တွေပေါ် လေပူတွေဆင်းလာပြီး တစ်ရှူးရှူးနဲ့ နှာမှုတ်သံတွေပါထွက်လာတော့…!

အခုမှ သူ့ပါးစပ်ပေါ်အုပ်ထားသည့် သူမလက်တို့ မဖယ်ရသေးတာ ယိုးလစ်သတိရသည်လေ။ သူမလက်ပေါ်က လေပူတွေက သူအသက်ရှူတဲ့အခါ မှုတ်ထုတ်လိုက်တဲ့ လေပူတွေဖြစ်ပြီး တစ်ရှူးရှူးအသံတွေကတော့ မြန်ဆန်နေသည့် အသက်ရှူသံတွေ ဖြစ်သည်မှန်း ယိုးလစ်သိရတော့သည်။

ယိုးလစ်အားနာစွာ လက်ကိုဖယ်ပြီး ကိုယ်ကိုနောက်ယို့ပေးလိုက်သည်။ ဗိုင်ရယ်လ်က ယိုးလစ်လက်တို့ ဖယ်လိုက်သည့်အခါ တစ်ချက်တွန့်သွားပြီး အသက်ရှူကတော့ မြန်ဆန်မြဲ မြန်ဆန်နေဆဲပင်။

အခုထိ မျက်နှာကြီးတစ်ခုလုံး နီရဲပြီး အသိစိတ်မူမမှန်သလိုဖြစ်နေသည့် ဗိုင်ရယ်ကိုကြည့်ပြီး ယိုးလစ်ရယ်ချင်လာသည်။ အစကတော့ သူမဘက်က နည်းနည်း မဆင်မခြင်လုပ်လိုက်မိလို့ အားနာသွားပေမယ့် အခုတော့ အားနာစိတ်က လုံးလုံးနီးပါးပျောက်သွားပြီထင်၏ ။

Dream MakerWhere stories live. Discover now